COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုမှာ ရောဂါပိုးရှိသူ ၆ ယောက် တွေ့ရှိတယ်လို့ ပရီးမီးယားလိဂ် ကြေညာ

20-5-2020-yyl-020.jpg

ကစားသမားနဲ့ အသင်းအဖွဲ့ဝင် ၇၄၈ ယောက်ကို COVID-19 ရောဂါစစ်ဆေးရာမှာ ရောဂါပိုးရှိသူ ၆ ယောက် တွေ့ရတယ်လို့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ ရောဂါပိုးရှိသူတွေဟာ အသင်း ၃ သင်းက လူတွေဖြစ်ပြီး ဝက်ဖို့ဒ်အသင်းရဲ့ ကစားသမားတစ်ယောက်နဲ့ အသင်းအဖွဲ့ဝင် ၂ ယောက် ပါဝင်နေပါတယ်။ နောက်တစ်ယောက်ကတော့ ဘန်လေအသင်း လက်ထောက်နည်းပြ အီရန်ဝိုအန်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ရောဂါပိုးရှိသူတွေကို တရားဝင် ခွဲခြားဖော်ထုတ်ပေးဖို့ ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ပရီးမီးယားလိဂ်ကလပ်တွေကို အဖွဲ့ငယ်တွေဖွဲ့ပြီး လေ့ကျင့်ခန်းဆင်းခွင့်ပေးခဲ့ပေမဲ့ ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးအပါအဝင် ဝက်ဖို့ဒ်အသင်း ကစားသမားတွေကတော့ လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိမချင်း လေ့ကျင့်ခန်းဆင်းမှာမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top