ဆော်ဒီမှာထိုးမယ့် စိတ်မကျေပွဲအတွက် အန်ဒီရုဇ်နဲ့ ဂျိုရှုအာ မျက်နှာချင်းဆိုင် ကိုယ်ဟန်ပြခဲ့

img14-2.jpg

မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာကတော့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှိုအာနဲ့ မျက်နှာချင်းဆိုင် ကိုယ်ဟန်ပြပြီး လက်ဝှေ့ပွဲ ပရိုးမိုးရှင်းလုပ်ခဲ့ပါတယ်။ အန်ဒီရုဇ်ဂျူနီယာဟာ ဆော်ဒီနိုင်ငံကို ပျံသန်းတဲ့လေယာဉ်ပေါ် တက်ပြီးချိန်ကတည်းက သူနဲ့ သူ့နည်းပြ မန်နီရိုဘလက်စ်ရဲ့ဓာတ်ပုံကို တွစ်တာပေါ်တင်ခဲ့ပါတယ်။

အန်ဒီရုဇ်ဂျူနီယာဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အပျော်အပါးလိုက်စားတဲ့ နေထိုင်မှုပုံစံကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အန်ဒီရုဇ်ဂျူနီယာဟာ သိပ်မကြာသေးခင်က ကျင်းပခဲ့တဲ့ ပါတီပွဲမှာ ဝတ်လစ်စလစ် အမျိုးသမီးတစ်ယောက်ပေါ်ကနေ ဆူရှီ ယူစားတာ၊ စားပွဲထိုးအမျိုးသမီးတွေကို ဘီကီနီပဲ ဝတ်ခိုင်းထားတာ စတဲ့ပုံစံတွေကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အန်ဒီရုဇ်ဂျူနီယာကတော့ ဝေဖန်သူတွေက ”ေ-ာက်ရေးမပါတာတွေ ပြောနေကြတယ်”လို့ တုံ့ပြန်ခဲ့ပြီး အန်သိုနီဂျိုရှိုအာကို နောက်တစ်ခါထပ်ပြီး အနိုင်ယူဖို့ အသင့်ပဲလို့ ကြုံးဝါးထားပါတယ်။

အန်ဒီရုဇ်ဂျူနီယာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က နယူးယော့ခ်မြို့မှာ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာကို အနိုင်ယူပြီး ကမ္ဘာ့ဟဲဗီးဝိတ်ရွှေခါးပတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ လာမယ့်ဒီဇင်ဘာလ ၇ ရက်ကျရင် ဆော်ဒီနိုင်ငံမှာ စိတ်မကျေပွဲ ပြန်ထိုးကြဖို့ သဘောတူညီထားပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top