တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိ ၂ ယောက်က အဓမ္မကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားပြည်ပြေး စွပ်စွဲ

yyl-010-4.jpg

တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိနှစ်ယောက်က သူ့ကို အဓမ္မကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယား ပြည်ပြေးအမျိုးသမီး တစ်ယောက်က စွပ်စွဲထားပါတယ်။ မြောက်ကိုရီးယားပြည်ပြေး အမျိုးသမီးဟာ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိနှစ်ယောက်ရဲ့ ထိန်းသိမ်းခြင်းခံထားရသူပါ။ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က ထပ်ဖန်တလဲလဲ အဓမ္မကျင့်ခဲ့လို့ ဒီအမျိုးသမီးအနေနဲ့ နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ဖျက်ချခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

မြောက်ကိုရီးယားပြည်ပြေး အမျိုးသမီးက အရက်သောက်ပြီး အသိစိတ်လွတ်နေချိန်မှာ ပထမဆုံးအကြိမ် အဓမ္မကျင့်ခံခဲ့ရတာလို့ ဥပဒေလုပ်ငန်းစုက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒုတိယဗိုလ်မှူးကြီးနဲ့ တပ်ကြပ်ကြီးရာထူးရှိတဲ့ အရာရှိနှစ်ယောက်ကို တာဝန်ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ မြောက်ကိုရီးယား ပြည်ပြေးတွေကို စုံစမ်းရပြီး ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းရပါတယ်။

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံသူ ၃၃,၀၀၀ ရှိတဲ့အနက် ၇၂ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ ပြည်ပြေးအမျိုးသမီး တော်တော်များများဟာ တောင်ကိုရီးယားကို မရောက်ခင် တရုတ်နိုင်ငံမှာကတည်းက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ကြုံရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံမှာ လိင်ကုန်ကူးခံနေရတယ်လို့ Korea Future Initiative လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top