အမှတ်ပေးစနစ် တွက်ချက်မှုအရ ကမ္ဘာ့အကောင်းဆုံး အလွတ်တန်းလက်ဝှေ့သမားစာရင်းမှာ အဆင့်(၂) ဖြစ်လာတဲ့ တိုင်ဆန်ဖျူရီ

box-rec.jpg

Box Rec ရဲ့ အငြင်းပွားဖွယ် အမှတ်ပေးစနစ်အရ တိုင်ဆန်ဖျူရီဟာ ကမ္ဘာ့အကောင်းဆုံး အလွတ်တန်း လက်ဝှေ့သမားစာရင်းမှာ အဆင့်(၂) နေရာ ရပ်တည်နေပါတယ်။ Gypsy King လို့ ချစ်စနိုးခေါ်ကြတဲ့ တိုင်ဆန်ဖျူရီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဒီယွန်တေးဝှိုက်ဒါကို ၇ ချီမြောက်မှာ အနိုင်ယူပြီး WBC ချန်ပီယံခါးပတ်ကို သိမ်းပိုက်ခဲ့သူပါ။ တိုင်ဆန်ဖျူရီကို ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားလို့ သတ်မှတ်သူတချို့ ရှိပေမဲ့ အန်သိုနီဂျိုရှုအာနဲ့ပွဲစဉ်မှာ အနိုင်ယူပြီး ဒီအချက်ကို သက်သေပြဖို့ လိုအပ်နေပါတယ်။

ဒါပေမဲ့ Box Rec မဂ္ဂဇင်းကတော့ တိုင်ဆန်ဖျူရီကို ကမ္ဘာ့အကောင်းဆုံး အလွတ်တန်း လက်ဝှေ့သမားစာရင်းမှာ အဆင့်(၂) နေရာ သတ်မှတ်ထားပါတယ်။ Box Rec မဂ္ဂဇင်းဟာ ပြိုင်ဘက်တွေရဲ့ ရပ်တည်မှုအဆင့်အလိုက် အမှတ်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီယွန်တေးဝှိုက်ဒါလို ပြိုင်ဘက်ကို အနိုင်ရခဲ့တဲ့ တိုင်ဆန်ဖျူရီက သူတို့ရဲ့စာရင်းမှာ အဆင့်(၂) နေရာ ဖြစ်လာတာပါ။ Box Rec မဂ္ဂဇင်းရဲ့ အဆင့်(၁) နေရာမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုအယ်ဗာရက်ဇ် ဖြစ်ပါတယ်။ Box Rec မဂ္ဂဇင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက အဆင့် ၇၊ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှိုအာက အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top