ကမ္ဘာ့စနူကာကြယ်ပွင့်ဟောင်း ဝီလီသွန်း ကွယ်လွန်

hotsport04.jpg

ကမ္ဘာ့စနူကာကြယ်ပွင့်ဟောင်း ဝီလီသွန်းဟာ အသက်ရှူစနစ် ရပ်တန့်ပြီး သွေးဆိပ်တက်တဲ့ ဝေဒနာခံစားခဲ့ရလို့ စပိန်နိုင်ငံရဲ့ ဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၆၆ နှစ်ရှိတဲ့ ဝီလီသွန်းဟာ ပြီးခဲ့တဲ့မတ်လကတည်းက သွေးကင်ဆာရောဂါ ခံစားနေရတယ်လို့ ကြေညာထားသူပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ အောက်သွေး အဆမတန် ထိုးကျလို့ ဆေးရုံတက်ခဲ့ရပြီး ကိုမာဝင်သွားလို့ အသက်ရှူစက် တပ်ထားရသူပါ။

၁၉၇၅ ခုနှစ်က ပရော်ဖက်ရှင်နယ် စနူကာသမား ဖြစ်လာတဲ့ ဝီလီသွန်းဟာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ၂ ရပ်မှာ ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်က Mercantile Credit Classic ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သူပါ။ သူဟာ 147 Breaks (တစ်ပွဲတည်းမှာ အနီ ၁၅ လုံးကို အနက်သီးနဲ့ ၁၅ ကြိမ် တွဲထိုးနိုင်ပြီး အများဆုံးရရှိတဲ့အမှတ်) အများဆုံးရရှိသူဖြစ်လို့ Mr Maximum လို့ လူသိများသူပါ။ လောင်းကစားကို ခုံမင်တဲ့ ဝီလီသွန်းဟာ လောင်းကစားကြောင့် ပေါင်ငွေတစ်သန်း အကြွေးတင်ခဲ့သူဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top