တူရင်မြို့ကို ပြန်ရောက်လာပြီး Quarantine ဝင်နေတဲ့ ရော်နယ်ဒို

5-5-2020-yyl-041.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေချိန်ကာလအတွင်း ပေါ်တူဂီနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ မိသားစုတွေ၊ လုံခြုံရေးအစောင့်အကြပ်တွေနဲ့အတူ ပြီးခဲ့တဲ့တနင်္လာနေ့ညနေက အီတလီနိုင်ငံ တူရင်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက အီတလီကို ပြန်လာဖို့ စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ခက်တွေရှိနေလို့ ပေါင်သန်း ၃၀ တန် ကိုယ်ပိုင်လေယာဉ်ဟာ စပိန်နိုင်ငံကနေ ထွက်ခွာခွင့်မရခဲ့ပါဘူး။ နောက်ရက်မှာတော့ ရော်နယ်ဒိုတို့ မိသားစုတစ်စုလုံး ပေါ်တူဂီနိုင်ငံကနေ အီတလီကို တိုက်ရိုက်ခရီးစဉ်နဲ့ ရောက်ရှိလာတာပါ။

အီတလီအစိုးရက ဘောလုံးအသင်းတွေကို လေ့ကျင့်ခန်းဆင်းခွင့်ပေးလိုက်ပြီဖြစ်လို့ ဂျူဗင်တပ်အသင်းက သူတို့ရဲ့အသင်းသားအားလုံးကို ပြန်လည်ခေါ်ယူထားပါတယ်။ ရော်နယ်ဒိုဟာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူပြီးမှသာ ဂျူဗင်တပ်အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top