အသက် ၁၁၃ နှစ်ပြည့်မွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလိုမှာ သေဆုံးသွားခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသား

19-2-2022-yyl2.jpg

ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သူ ဆာတာနီနို ဒီ လာ ဖူအန် ဂါစီယာ (Saturnino de la Fuente Garcia) ဟာ အသက် ၁၁၃ နှစ်ပြည့်ခင် ရက်အနည်းငယ်အလို အင်္ဂါနေ့ မနက်က စပိန်နိုင်ငံမြောက်ပိုင်းရှိ သူရဲ့နေအိမ်မှာ သေဆုံးသွားခဲ့ပါပြီ။ အောင်မြင်တဲ့ ဖိနပ်ချုပ်လုပ်ငန်းကို တည်ထောင်ခဲ့တဲ့ ဆာတာနီနိုကို ၁၉၀၉ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အသက် ၁၁၂ နှစ်နဲ့ ၂၁၁ ရက်ပြည့်တဲ့နေ့ စက်တင်ဘာလမှာ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာပါ။

သူ့ဟာ မြေး ၁၄ ယောက်နဲ့ မြစ် ၂၂ ယောက်ရှိတဲ့ မိသားစုကြီးကို ပိုင်ဆိုင်ထားတာပါ။ သူ့ရဲ့ဇနီး အန်တိုနီနာ ဘာရီယို (Antonina Barrio) နဲ့အတူ ရထားတဲ့ ကလေး (၈) ဉီးအနက် တစ်ဉီးကတော့ အသက်ငယ်ငယ်လေးကတည်းက သေဆုံးသွားခဲ့ပါတယ်။ ဆာတာနီနိုရဲ့အသက်ရှည်ရှည်နေနိုင်ရခြင်းလျှို့ဝှက်ချက်ကို မေးခွန်းထုတ်တော့ “အေးဆေးတည်ငြိမ်တဲ့ဘဝနဲ့ ဘယ်သူကိုမှ ထိခိုက်မနာကျင်စေဘူး” လို့ ဆာတာနီနိုက ပြောခဲ့ဖူးပါတယ်။

“ဆာတာနီနိုဟာ အသက် ၁၁၂ နှစ်နဲ့ ၃၄၁ ရက်မှာ သေဆုံးသွားပြီဆိုတာ ကြားသိလိုက်ရတော့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာ အသက်ကြီးဆုံးသက်ရှိအမျိုးသားအဖြစ် ဆာတာနီနိုရဲ့မှတ်တမ်းကို အတည်ပြုပေးဖို့ ကူညီပေးခဲ့တဲ့ အကြီးတန်းအိုခြင်းနဲ့အိုမှုဖြစ်စဉ်လေ့လာမှုဆိုင်ရာအကြံပေး ရောဘတ် ယန် (Robert Young) က ဒီသတင်းကို အတည်ပြုပေးခဲ့တာပါ။ မှတ်တမ်းကိုင်ဆောင်ထားသူကို အသက် ၁၁၂ နှစ်နဲ့ ၂၁၁ ရက်မှာ အသက်ကြီးဆုံးအမျိုးသားအဖြစ် ကြေညာခဲ့တာပါ” လို့Guinness World Records က ပြောကြားခဲ့ပါတယ်။

Ref: Mirror “World’s oldest man dies less than a month short of his 113th birthday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top