မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်မှာ ဇနီးကို အရမ်းချစ်ကြောင်းသက်သေပြခဲ့တဲ့ မင်းသားကြီး ဒွန်နီယန်း

8-9-2020-yyl-016.jpg

ဟောင်ကောင်မင်းသား ဒွန်နီယန်းကလည်း ဟောလိဝုဒ်ဇာတ်ကားတွေမှာတောင် ပါဝင်ရိုက်ကူးနေတဲ့ ကွန်ဖူးမင်းသားတစ်လတ်ပါပဲ။ သူဟာ IP Man ဇာတ်ကားတွေမှာ ပါဝင်ပြီးတဲ့နောက် IP Man မင်းသားဆိုပြီး နိုင်ငံတကာမှာ နာမည်ရလာခဲ့ပါတယ်။ မကြာသေးခင်ကမှ အသက် (၅၇) နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဒွန်နီယန်းက သူ့ဇနီး ဆစ်စီဝမ်နဲ့အတူ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်ကို ဆင်နွှဲခဲ့ပါတယ်။ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့် ဆင်နွှဲနေကြောင်းကို အင်စတာဂရမ်ကနေ ထုတ်ပြခဲ့တာဖြစ်ပါတယ်။

ဒွန်နီယန်းရဲ့ဇနီး ဆစ်စီဝမ်က အိမ်မှာပဲ သူ့ကလေးတွေနဲ့အတူ ဆင်နွှဲခဲ့တယ်လို့ ရေးသားထားတဲ့အပြင် ပန်းစည်းအကြီးကြီးနဲ့အတူ ဒွန်နီယန်းနဲ့ Pose ပေးနေတဲ့ပုံ၊ သူတစ်ယောက်တည်းပုံတွေကိုလည်း တင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ခင်ပွန်းက သူ့ကို ဘယ်လောက်ချစ်ကြောင်းလည်း ပြခဲ့ပါသေးတယ်။ မီးဖိုချောင်ထဲမှာ သူ့အတွက် ပင်လယ်စာချက်ပြုတ်ပေးနေတဲ့ ဒွန်နီယန်းရဲ့ပုံတစ်ပုံကိုလည်း “ယောက်ျားကတော့ အခုနှစ်မှာ သူ့ရဲ့အချက်အပြုတ်နဲ့ အံ့အားသင့်အောင်လုပ်ပြန်ပါပြီ” ဆိုတဲ့စာသားလေးနဲ့ တင်ခဲ့ပါတယ်။ ဒွန်နီယန်းကတော့ သူ့ဇနီးကို အမှတ်တရနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ကျွေးနေတာဖြစ်ပါတယ်။

ဒွန်နီယန်းကလည်း သူ့ဇနီး အင်စတာဂရမ်မှာ ပုံတွေတင်ပြီး မကြာခင်မှာပဲ သူ့အင်စတာဂရမ်မှာ သူ့အချစ်တွေကို ပြသခဲ့ပါတယ်။ သူ့ဇနီးကို အလှဆုံးဘဝကို ပေးခဲ့တဲ့ အလှဆုံးအမျိုးသမီးလို့တောင် တင်စားထားပါတယ်။ ဒွန်နီယန်းကတော့ သူ့ဇနီးလို ဓာတ်ပုံတင်ခဲ့တာမဟုတ်ပါဘူး။ သူတို့နှစ်ဦး (၁၇) နှစ်တာဖြတ်သန်းခဲ့တဲ့ပုံတွေပါတဲ့ ဗီဒီယိုလေး ကို တင်ခဲ့တာဖြစ်ပါတယ်။ နေ့ထူးနေ့မြတ်တွေမှာ သူ့ဇနီးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့တာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၉ခုနှစ် Valentine’s Day တုန်းကလည်း ဇနီးအတွက် ကိုယ်တိုင်ချက်ပြုတ်ပြီး အစားအသောက်တွေ ပြင်ဆင်ပေးခဲ့ဖူးပါတယ်။

အဲဒီတုန်းကလည်း ကိုယ်တိုင် ဈေးသွားဝယ်ပြီး ပြင်ဆင်ချက်ပြုတ်ပေးခဲ့တာပါ။ အတူတူနေခဲ့တဲ့ ဘဝတစ်လျှောက်လုံး ဒွန်နီယန်းက အမြဲ ရိုဆန်ပြီး ဘယ်လောက် အလုပ်ရှုပ်နေပါစေ မွေးနေ့၊ နှစ်ပတ်လည်၊ ထူးခြားတဲ့ရက်တွေဆို ဘယ်တော့မှ မမေ့ခဲ့ဘူးလို့ သူ့ဇနီးက ဆိုပါတယ်။ ဒွန်နီယန်းအတွက် အထိမ်းအမှတ်နေ့တွေမှာ ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးတာက ထုံးစံတစ်ခုလို့ဖြစ်နေတာပါ။

ဒွန်နီယန်းနဲ့ ဆစ်စီဝမ်တို့က ချစ်သူသက်တမ်း (၃) လအကြာ ၂၀၀၃ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့စုံတွဲမှာ အသက် (၁၃) နှစ်အရွယ် ဂျိမ်းစ် နဲ့ အသက် (၁၆) နှစ်အရွယ် ဂျက်စမင် ဆိုတဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ ဒွန်နီယန်းဟာ ပထမဇနီးနဲ့ ရတဲ့ သားတစ်ယောက်လည်းရှိပါတယ်။

Ref: Donnie Yen, 57, cooks seafood feast for wife in celebration of their 17th anniversary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top