စီးရီးအေ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရော်နယ်ဒို မပါဝင်

62010140_2400236296673943_1652830374734069760_n.jpg

ရော်နယ်ဒိုဟာ စီးရီးအေပြိုင်ပွဲကို ပြောင်းရွှေ့ကစားခဲ့တဲ့ ပထမဆုံးရာသီမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပေမဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာတော့ ပါဝင်ခွင့်မရခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီ စီးရီးအေပွဲစဉ် (၃၀) ကစားရာမှာ (၂၁) ဂိုးသွင်းပြီး (၈) ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စီးရီးအေ တစ်နှစ်တာအကောင်းဆုံးအသင်းရဲ့ တိုက်စစ်ပိုင်းကို အတ္တလန္တာ ကစားသမား (၂) ယောက်ဖြစ်တဲ့ ဇာပါတာ၊ အီလီဆစ်တို့နဲ့ နာပိုလီကစားသမား ဒရိုင်းမာတင်တို့ ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ ဒီရာသီ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ စကူဒတ်တိုချန်ပီယံဆု ဂျူဗင်တပ်အသင်း ကစားသမား (၂) ယောက်ပဲ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်လူ ပီဂျာနစ်နဲ့ ညာနောက်ခံလူ ကန်ဆယ်လိုတို့ ဖြစ်ပါတယ်။

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် ပထမဆုံးအကြိမ် ရရှိခဲ့တဲ့အတ္တလန္တာ ကတော့ ကစားသမား (၃) ယောက် ပါဝင်ခွင့်ရခဲ့ပြီး နာပိုလီအသင်းကလည်း ကစားသမား (၃) ယောက် ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ (၂၆) ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဆမ်ဒိုးရီးယားတိုက်စစ်မှူး ကွာဂလီရယ်လာလည်း တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top