ပေါ့ဘာကို နံပါတ်(၁၀) နေရာမှာ ထားပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲကစားခိုင်းဖို့ ဆိုးလ်ရှား စီစဉ်နေ

10-6-2020-yyl-027.jpg

မန်ယူနည်းပြ ဆိုးလ်ရှားက ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို နံပါတ်(၁၀) နေရာမှာ အသုံးပြုပြီး အသင်းကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားနိုင်စေဖို့ စီစဉ်နေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ခြေကျင်းဝတ် ဒဏ်ရာဟောင်း ပြန်ပေါ်လို့ အနားယူနေရတဲ့ ပေါ့ဘာဟာ အခုချိန်မှာတော့ ကြံ့ခိုင်မှုအပြည့် ပြန်ရနေပါပြီ။ ဇွန်လ ၁၇ ရက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်စရင် မန်ယူအသင်း ကွင်းလယ်ပိုင်းမှာ ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်ကို တွဲဖက်ကစားခိုင်းဖို့ ဆိုးလ်ရှားက စီစဉ်နေပါတယ်။ မန်ယူအသင်းဟာ အဆင့်(၄) နေရာက ချဲလ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ကို အားထားရဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့စနေနေ့က အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းသားတွေ ၂ ဖွဲ့ခွဲ ကစားခဲ့ပြီး အဲဒီပွဲစဉ်မှာ ပေါ့ဘာက တိုက်စစ်မှူးရဲ့နောက် နံပါတ်(၁၀) အဖြစ် ကစားခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိတဲ့ ပေါ့ဘာဟာ ဘောက်ဆင်ဒေးနေ့ပွဲစဉ်နောက်ပိုင်း ပြိုင်ပွဲအဖြစ် ကစားတဲ့ ပွဲစဉ်တစ်ပွဲမျှ ပါဝင်နိုင်ခဲ့ခြင်းမရှိသေးလို့ ပြိုင်ပွဲကစားနိုင်တဲ့ လုပ်အားနှုန်းမျိုးမရသေးပေမဲ့ နံပါတ်(၁၀) နေရာမှာ ဆိုးလ်ရှား သဘောကျအောင် ကစားပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်ဟာ (၉)ပွဲ ကစားပြီးချိန်မှာ ၃ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးနိုင်ခဲ့သူပါ။ မန်ယူအသင်းရဲ့ ၃ ယောက်တွဲ ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ကို နံပါတ်(၈) အဖြစ် ကစားခိုင်းဖို့ ဆိုးလ်ရှားက စီစဉ်နေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top