လက်စ်ဗီးဂတ်စ်မြို့မှာ ဘောက်ဆင်ပွဲတွေ ပြန်စပြီ

10-6-2020-yyl-024.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သုံးလကြာ ရပ်နားထားရတဲ့ ဘောက်ဆင်ပြိုင်ပွဲကို အမေရိကန်နိုင်ငံရဲ့ တိုက်ခိုက်ရေးအားကစားမြို့တော်လို့ တင်စားကြတဲ့ လက်စ်ဗီးဂတ်စ်မြို့မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ပြန်လည်ကျင်းပခဲ့ပါတယ်။ တိုင်ဆန်ဖျူရီရဲ့ ပွဲစီစဉ်သူ ဘော့အာရမ် ဦးဆောင်ကျင်းပခဲ့တဲ့ ဘောက်ဆင်ပြိုင်ပွဲမှာ ပွဲစဉ် ၅ ပွဲ ပါဝင်ခဲ့ပြီး ကွင်းပိတ်ကစားခဲ့ပေမဲ့ ESPN ကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ပွဲတိုင်းနိုင်ထားတဲ့ WBO ဖယ်သာဝိတ်တန်း ချန်ပီယံ စတီဗင်ဆန်က ပွာတိုရီကိုဘောက်ဆင်သမား ကာရာဘယ်လိုကို ၆ ချီမှာ အလဲထိုးအနိုင် ယူခဲ့ပါတယ်။ စတီဗင်ဆန်ဟာ ပွဲမတိုင်ခင် သီးသန့်ခွဲခြားနေထိုင်လေ့ကျင့်ခဲ့သူပါ။

” ခံစားမှုအငွေ့အသက်က မတူဘူး။ ဝိတ်ချရတာလည်း အရင်ကနဲ့ မတူဘူး။ လေ့ကျင့် ရတာလည်း မတူဘူး။ ပရိသတ်မပါဘဲ ထိုးရတော့ ပြိုင်ဘက်ကို ထိုးလိုက်တိုင်း အိုး၊ အား ဆိုတဲ့ အသံတွေလည်း မကြားရဘူး”လို့ စတီဗင်ဆန်က ပြောပါတယ်။ စတီဗင်ဆန်နဲ့ ဟဲဗီးဝိတ်ဘောက်ဆင်သမား အန်ဒါဆန်တို့က ပွဲမတိုင်ခင် ကြိုးဝိုင်းထဲမှာ Black Lives Matter စာတန်းပါတဲ့ တီရှပ်တွေ ဝတ်ဆင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top