ဗလာလက်သီးပြိုင်ပွဲမှာ ဝင်ထိုးဖို့ ဒေါ်လာသန်း ၂၀ တန် ကမ်းလှမ်းမှုကို မိုက်တိုင်ဆန် ပယ်ချခဲ့

hotsport02.jpg

ဗလာလက်သီး ချန်ပီယံရှစ်ပြိုင်ပွဲက မိုက်တိုင်ဆန်ကို အမေရိကန်ဒေါ်လာ သန်း ၂၀ တန် ကမ်းလှမ်းမှုလုပ်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်က လက်ဝှေ့ကြိုးဝိုင်းထဲ တစ်ကျော့ပြန် ဝင်ရောက်လာပြီး သရုပ်ပြပွဲထိုးမယ်လို့ အခုနှစ်အစောပိုင်းမှာ ကြေညာခဲ့လို့ ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီအတွက် တိုက်ခိုက်ရေးအားကစားအဖွဲ့အစည်းတွေက မိုက်တိုင်ဆန်ကို ချဉ်းကပ်ခဲ့ကြသလို ဗလာလက်သီးချန်ပီယံရှစ်ပြိုင်ပွဲ (BKFC)ကလည်း မိုက်တိုင်ဆန်ကို အမေရိကန်ဒေါ်လာ သန်း ၂၀ တန်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

” မိုက်တိုင်ဆန်ကို အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ တခြားခံစားခွင့်တွေပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူက ပယ်ချခဲ့ပါတယ်။ မိုက်တိုင်ဆန်ရဲ့ တစ်ကျော့ပြန်ခရီး ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူက ပြောနိုင်မလဲ။ သူ့ရဲ့စီမံခန့်ခွဲရေးအဖွဲ့ကတော့ ဇူလိုင်လထိုးမယ်၊ သြဂုတ်လထိုးမယ် ပြောနေတာပဲ”လို့ BKFC ဥက္ကဋ္ဌ မေဖဲလ်မန်းက ပြောပါတယ်။ မိုက်တိုင်ဆန်ဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်းဖြစ်တဲ့ အီဗန်ဒါဟိုလီဖီးလ်နဲ့ ထိုးသတ်မယ်လို့လည်း သတင်းထွက်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top