ဖိနပ်တစ်ရာကျော်ခိုးယူခဲ့တဲ့ ဘာလင်က ထူးထူးဆန်းဆန်းဖိနပ်သူခိုး

4-8-2020-yyl-024.jpg

တချို့အတွက် ပစ္စည်းမျိုးစုံစုဆောင်းရတာက ဝါသနာတစ်ခုလိုဖြစ်နေပါတယ်။ တချို့ကတော့ ပစ္စည်းသေးသေးမွှားမွှား၊ ထူးထူးဆန်းဆန်းတွေ စုရတာကြိုက်တဲ့အပြင် တချို့က ဖိနပ်တွေ၊ အိတ်တွေ စုဆောင်းရတာလည်း နှစ်သက်ကြပါတယ်။ ဘာလင်မြို့က မြေခွေးတစ်ကောင်ကလည်း ပစ္စည်းစုဆောင်းရတာ ကြိုက်နှစ်သက်တဲ့ပုံပါပဲ။ အဲဒီမြေခွေးက ဒီဆောင်းပါးမှာ အဓိကဇာတ်ကောင်လို့ပြောရမှာပါ။

ဇာတ်လမ်းလေးကတော့ ဘာလင်မြို့ရဲ့ Zehlendorf က ဒေသခံတွေဟာ သူတို့ရဲ့ခြံဝင်းထဲကနေ ဖိနပ်တွေ ပျောက်ပျောက်နေလို့ အဖြေရှာမရဖြစ်နေပါတယ်။ ဖိနပ်တွေ အခိုးခံရတယ်ဆိုရင် ဘယ်သူ ခိုးသွားတယ်ဆိုတာလည်း သူတို့တွေ မသိဖြစ်နေကြရပါတယ်။ နောက်ဆုံးမှာတော့ ဖိနပ်တွေပျောက်သွားရခြင်းရဲ့တရားခံက မြေခွေးတစ်ကောင် ဖြစ်နေတယ်ဆိုတာ သိသွားခဲ့ရတာပါပဲ။ မကြာသေးခင်ကမှ ခရစ်စတင်း မီယာ (Christian Meyer) ဆိုတဲ့ ဒေသခံတစ်ဦးက လျှို့ဝှက်ဆန်းကြယ်တဲ့ ဖိနပ်သူခိုးကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ အပြာရောင်ဖိနပ်တစ်စုံကို ခိုးသယ်သွားတာကို ခရစ်စတင်းက ဓာတ်ပုံရိုက်ထားလိုက်တာဖြစ်ပါတယ်။ ဒေသခံတွေက သူတို့ရဲ့ဖိနပ်ခိုးတဲ့သူက မြေခွေးတစ်ကောင်ဖြစ်နေတဲ့အတွက် တအံံ့တသြဖြစ်ခဲ့ကြရပါတယ်။

ဒေသခံတွေက သူတို့ပျောက်ဆုံးနေတဲ့ ဖိနပ်တွေအကုန်လုံးကို ပြန်ရှာတွေ့ခဲ့ရပါတယ်။ သူတို့ပျောက်သွားတဲ့ဖိနပ်အရေအတွက်က အတော်လေးများပါတယ်။ အားလုံးစုစုပေါင်း ဖိနပ်အရံ (၁၀၀) ကျော်ဖြစ်ပြီး ဖိနပ်အများစုက Crocs တံဆိပ်ဖိနပ်တွေပါပဲ။ အမျိုးသားတစ်ယောက်ကတော့ အဲဒီပြန်ရှာတွေ့တဲ့ဖိနပ်တွေမှာ သူပျောက်ဆုံးနေတဲ့ ဖိနပ်မပါတာတော့ စိတ်မကောင်းစရာပါပဲ။ ဖိနပ်ပြန်မတွေ့တဲ့ အဲဒီအမျိုးသားက ပျောက်သွားတဲ့ဖိနပ်တွေကို ရှာဖို့အတွက် လက်ကမ်းစာစောင်တောင် တင်ခဲ့ကြပါတယ်။

လက်ကမ်းစာစောင်ထဲမှာ ရေးထားတာကတော့ “ဘယ်ဖက်Sneaker ဖိနပ်ကို ဘယ်သူတွေ့မိကြလဲ။ တစ်နေ့က ကျွန်တော့်ရဲ့Sneaker ကို မြေခွေးတစ်ကောင်က ခိုးသွားခဲ့ပါတယ်။ တချို့လူတွေရဲ့ဖိနပ်တွေက လမ်းမထက်မှာ တွေ့ပေမယ့် ကျွန်တော့်ရဲ့ဖိနပ်ကတော့ ပျောက်နေဆဲပါပဲ။ ဒီဖိနပ်ကို တွေ့မိရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်သွယ်ပေးပါ။ ကျေးဇူးတင်ပါတယ်”ဆိုတဲ့စာသားလေးပါပဲ။ အခြားသူတွေရဲ့ဖိနပ်တွေကို ပြန်ရှာတွေ့ခဲ့ပေမယ့် သူ့ဖိနပ်ကို ပြန်မတွေ့လို့ အဲဒီအမျိုးသမီးမှာ စိတ်ဒုက္ခရောက်နေမှာ အသေချာပါပဲ။

Ref: BoredPanda “Fox From Berlin Gets Unmasked As A Crocs-Thief With A Collection Of Over 100 Stolen Shoes And People Find It Hilarious”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top