rain-e1565769931810.jpg

မိုးစက်တွေနဲ့အတူပေါ်လာတတ်တဲ့ မြေသင်းရနံ့ဆိုတာ

မိုးရာသီမှာ ပထမဦးဆုံးရွာချလိုက်တဲ့ မိုးရေစက်တွေကြားမှာ လမ်းလျှောက်သွားဖူးကြလား။ အဲဒီလို မိုးရွာရွာချင်းကျလာတဲ့ရေမှုန်ရေမွှားတွေက မြေသားနဲ့ထိတွေ့လိုက်တဲ့အခါမှာ သင်းသင်းလေးမွှေးတဲ့ရနံ့တစ်ခုကို ရှုရှိုက်မိကြတယ်မလား။ အဲဒီရနံ့လေးက မြေသင်းနံ့ပါပဲ။ မြေလွှာမြေသားကိုမထိမိသေးခင်မှာတော့ မိုးရွာချိန်မှာကျလာတဲ့မိုးရေစက်မှုန်တွေဟာ သာမန်ရေစက်လို့ပါပဲ။ ဘာရနံ့မှမရှိသေးပါဘူး။ ဒါပေမဲ့ ဒီရေစက်တွေဟာ မြေသား၊ ဖုန်မှုန့်တွေနဲ့ ထိတွေ့လိုက်မိချိန်မှာတော့…

shutterstock-149301761.png

ချစ်ခင်ရသူတွေအပေါ်မှာ ရိုးသားမှုရှိပါစေ

“မုသားမပါ လင်္ကာမချော” ဆိုတဲ့စကားအတိုင်း တစ်ခါတလေမှာ အဖြူရောင်မုသားလေးတွေ သုံးရတာမျိုးရှိပေမယ့် အချစ်ရဆုံးသူတွေပေါ်မှာတော့ အတတ်နိုင်ဆုံးရိုးသားစေချင်ပါတယ်။ ရိုးသားမှုက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကို ဖော်ပြပေးနေတဲ့ ပြယုဂ်တစ်ခုဆိုလည်းမမှားပါဘူး။ ရိုးသားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် မဖြစ်မနေအနေအထားကလွဲလို့ ကျန်တဲ့အခြေအနေတိုင်းမှာရော ချစ်ခင်ရတဲ့သူတွေအပေါ်မှာပါ ရိုးသားကြဖို့…

shutterstock-184356764.png

ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး

ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ကြနော်လို့ပြောကြတယ်။ တချို့ဆေးတွေက မစားခင်သောက်ရတာရှိသလို အစာတစ်ခုခုခံပြီးမှ သောက်သင့်တာတွေရှိပါတယ်။ အစာနဲ့ဘယ်နှနာရီခြားပါလို့ ဆရာဝန်ကညွှန်ကြားလိုက်တယ်ဆိုရင် လိုက်နာဖို့လိုပါတယ်။ ကိုယ်စားလိုက်၊သောက်လိုက်တဲ့အရာတွေက ဆေးဝါးတွေရဲ့အာနိသင်အပေါ် သက်ရောက်မှုတွေရှိလို့ပါပဲ။ ဒါ့ကြောင့် ဆေးဝါးတွေနဲ့ ဓာတ်ပြုသက်ရောက်မှုရှိနိုင်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြချင်ပါတယ်။ ဂရိတ်ဖရုသီး အချဉ်ဓာတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက…

improve-written-english.jpg

အင်္ဂလိပ်လိုရေးသားရာတွင် သတိပြုသင့်သောအချက်များ

စာရေးသားရာမှာ သတိပြုရမယ့်အချက်တွေအများကြီးပါပဲ။ အင်္ဂလိပ်လိုရေးသားရာမှာတော့ သတိပြုသင့်တာတွေက ပိုများပါတယ်။ ကျောင်းသင်ခန်းစာတွေမှာရေးရတဲ့ essay, letter ကနေစပြီး လုပ်ငန်းခွင်ထဲမှာရေးရတဲ့ အစီရင်ခံစာ၊ အီးမေးလ်တွေအဆုံး ဘယ်လိုအင်္ဂလိပ်စာအရေးအသားပဲရေးရေး သိထားသင့်တဲ့ အခြေခံအချက်တချို့ကို စုစည်းဖော်ပြလိုက် ပါတယ်။ (၁) လွယ်ကူရှင်းလင်းတဲ့အရေးအသားဖြစ်ပါစေ ကိုယ့်ရဲ့အင်္ဂလိပ်စာကောင်းကြောင်း၊…

Stocksy_txpc9b20d92KIY000_Small_35310.jpg

ညအိပ်ရာဝင်နောက်ကျသူတွေဟာ ပိုပြီးဉာဏ်ကွန့်မြူးတတ်သူတွေဖြစ်ကြပါတယ်

ညအိပ်ရာဝင်နောက်ကျသူတွေ တစ်နည်းအားဖြင့် အိပ်ရာထနောက်ကျသူများဟာ ဉာဏ်ကွန့်မြူးသူတွေဖြစ်ကြောင်း မက်ဒရစ်တက္ကသိုလ် (University of Madrid) က စစ်တမ်း ကောက်ယူလေ့လာပြီး အတည်ပြုထားပါတယ်။ ပြုလုပ်ပုံကတော့ ညဘက်စောစောအိပ်ပြီး မနက် (၆) နာရီဝန်းကျင်လောက်ထတတ်သူတစ်ဖွဲ့နဲ့ ညဘက်မှာ (၁) နာရီ၊…

Depressed_woman_concept_spukkato_Getty_Images_large.jpg

စိတ်ဓာတ်ကျတဲ့အခါဖတ်ဖို့

စိတ်ဓာတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။ တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။ အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။ ဒါမှမဟုတ်…

shutterstock_570119506.jpg

ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း

ချစ်ခင်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင်တူတူနေချင်တဲ့ဆန္ဒရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက် ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို မွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။ ရေများများသောက်ပါ – ခန္ဓာကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့…

live-e1565162857546.jpg

လူတွေရဲ့သက်တမ်းက အလွန်ဆုံးဘယ်အတိုင်းအတာထိ ဖြစ်နိုင်မလဲ

ကျွန်တော်တို့တွေ ဘယ်အသက်အရွယ်ထိ နေသွားလို့ရမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သိချင်မိကြမှာပါ။ အဲဒီမေးခွန်းရဲ့အဖြေအတွက် Albert Einstein College of Medicine က သုတေသီတွေက လေ့လာတွေ့ရှိခဲ့ကြပါပြီ။ ကျွန်တော်တို့ဟာ ဘယ်လိုပဲဆေးပညာတွေသုံးပြီး ဆင်ဆင်ခြင်ခြင် နေထိုင်ပါစေ၊ အဲဒီသက်တမ်းထက်ကျော်ပြီး…

Let-Go-Forgive-Feel-Better-722x406.jpg

ခွင့်လွှတ်တတ်ပါစေ

လူတစ်ဦးဦးကို စိတ်ဆိုးဒေါသထွက်တဲ့အခါ ဘာလုပ်တတ်လဲ။ အော်ဟစ်ပေါက်ကွဲတတ်လား။ တနုံ့နုံ့နဲ့ ဒေါသထွက်နေတတ်လား။ တစ်ယောက်တည်းကြိတ်ပြီး စိတ်မကောင်းဖြစ်တတ်လား။ ဒီအဆင့်တွေကိုကျော်လွန်ပြီးရင်ကော ဘာလုပ်တတ်လား။ ခွင့်လွှတ်ပေးလိုက်လား၊ ခွင့်မလွှတ်ဘဲ အမြဲလိုလိုပိုက်ထားတတ်တာလား။ ဒါဆိုရင်တော့ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုပြောပြပါ့မယ်။ ဒါကတော့ ကိုယ့်အပေါ်အမှားလုပ်ထားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်တာက…

usa-uk.png

သင်မသိနိုင်လောက်တဲ့ အမေရိကန်အင်္ဂလိပ် ဘန်းစကားများ

လူတော်တော်များများက ဘန်းစကားဆိုရင် မယဉ်ကျေးဘူး၊ ပုံစံကျပြောဆိုမှုမဟုတ်ဘူးဆိုပြီး သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ နေ့စဉ်သုံးစကားတွေထဲမှာ ဘန်းစကားတွေရဲ့လူကြိုက်များရေပန်းစားမှုကိုတော့ ကျွန်တော်တို့ ငြင်းနိုင်မှာမဟုတ်ပါဘူး။ အင်္ဂလိပ်စကားလေ့လာသူတွေအတွက်ကတော့ သင့်လျော်တဲ့စကားစပ်ထဲမှာ ဗန်းစကားတွေကိုထည့်သွင်းအသုံးပြုတာဟာ ပိုသဘာဝကျပြီး ခင်မင်ဖွယ်ရာ ဖြစ်စေပါတယ်။ အောက်ဖော်ပြပါ အမေရိကန်အင်္ဂလိပ် ဘန်းစကား (၇)…