social-e1551164927782.jpg

လူမှုကွန်ရက်က လူသားတွေကို ဘယ်လိုဆိုးကျိုးတွေပေးနေလဲ

ဒီနေ့ခေတ်မှာ ဖုန်းတွေကို ပွတ်လိုက်တာနဲ့ ကမ္ဘာအနှံ့အပြားက လူတွေနဲ့ ဆက်သွယ်လို့ရနေပါပြီ။ လူမှုကွန်ရက်တွေ ပေါ်လာခြင်းက သိချင်တဲ့အကြောင်းအရာ၊ အချက်အလက်တွေကို အလွယ်တကူသိနိုင်တာကြောင့် ကျွန်မတို့ရဲ့ဘဝတွေကို အဆင်ပြေစေပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်အသုံးပြုခြင်းက ကောင်းကျိုးတွေရှိသလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေတဲ့ဆိုးကျိုးတချို့လည်းရှိနေပါတယ်။ လူမှုကွန်ရက်အသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေကတော့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမဲ့လာခြင်း…

off1.jpg

စိတ်ဓာတ်ကြံ့ခိုင်သူတွေ အလုပ်ခွင်ထဲမှာကျင့်သုံးလေ့ရှိကြတဲ့ နည်းလမ်း (၄) သွယ်

အလုပ်ခွင်ထဲရောက်လာတဲ့အချိန်ဆို ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့သူတွေနဲ့ လုပ်ှုန်းခွင်ဝင်နေသူတိုင်းနီးပါး ကြုံတွေ့ကြရတတ်ပါတယ်။ စာဖတ်သူတို့လည်း ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်စေတဲ့သူဟာ ကိုယ့်အလုပ်မှာ မကြာခဏအသိအမှတ်ပြုခံရတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း လုပ်ဖော်ကိုင်ဖက်တွေကို အတင်းအဖျင်းပြောတတ်တဲ့သူ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလူတွေဟာ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဓာတ်ခွန်အားကို လျော့နည်းအောင် လုပ်ဆောင်နေသူတွေ…

ba1.jpg

ပလတ်စတစ်အစားထိုးဖို့ ဝါးရေဘူးကို တီထွင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်က IIT Dhanbad ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ စွန့်ဦးတီထွင်သူ Dhritiman Bora က ပလတ်စတစ်အစားထိုးအသုံးပြုဖို့အတွက် သဘာဝပတ်ဝန်းကျင်အကျိုးပြု ဝါးရေဘူး ကို စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူ တီထွင်ခဲ့တဲ့ ဝါးရေဘူးအမျိုးအစားကို ဝါးစစ်စစ်နဲ့သာပြုလုပ်ထားတာဖြစ်ပြီး သဘာဝဝါးရေဘူးအစစ်သာဖြစ်တယ်လို့ သိရပါတယ်။…

76.jpg

နေ့စဉ်သုတ

ဆံပင်ဖြူခြင်းနဲ့ ဆေးလိပ်သောက်ခြင်းက ဆက်စပ်ပတ်သက်နေတာကို သိထားပြီးပြီလား…။ အသက် (၃၀) မတိုင်ခင်အရွယ်မှာ ဆံပင်ဖြူလာခြင်းနဲ့ ဆေးလိပ်သောက်သုံးခြင်းတို့အကြား ဆက်သွယ်နေမှုကိုလေ့လာရာမှာတော့ ဆေးလိပ်မှာပါဝင်တဲ့ အဆိပ်အတောက်ပစ္စည်းတွေက မွေးညင်းပေါက်တွေကိုပျက်စီးစေပြီး ဆံပင်ကိုစောစောဖြူလာစေတဲ့အပြင် တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ကြောင်းလည်း တွေ့ရှိထားပါတယ်။ Team (ရိုးရာလေး)

80.jpg

နေ့စဉ်သုတ

အမျိုးသားတွေက အမျိုးသမီးတွေနဲ့ယှဉ်ရင် ပြင်ပမှာလုပ်ရတဲ့အလုပ်တွေကို လုပ်ကိုင်ရတာပိုများပါတယ်။ ဒါကြောင့် အလုပ်ခွင်နဲ့ဆက်စပ်တဲ့မတော်တဆမှုတွေနဲ့ ကြုံရနိုင်ချေလည်း ပိုများတာဖြစ်ကြောင်း သုတေသနတွေက ဆိုထားပါတယ်။ Team (ရိုးရာလေး)

52840147_668080150273839_6987326833226153984_n.jpg

စိတ်ကူးယဉ်ခြင်းက သင့်ရဲ့ရည်မှန်းချက်ကို နှောင့်နှေးစေနိုင်ပါတယ်

တစ်ခါက ဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့နေ့စဉ်စားဝတ်နေရေးအတွက် တစ်လမ်းဝင်တစ်လမ်းထွက် နွားနို့ရောင်းချပြီး ရုန်းကန်လှုပ်ရှားနေရပါတယ်။ တစ်နေ့မှာတော့ နွားနို့ရောင်းချဖို့အတွက် နွားနို့ကရားထဲအပြည့်ထည့်ပြီး နွားတင်းကုပ်ထဲကနေထွက်လာခဲ့ပါတယ်။ အမျိုးသမီးကြီးဟာ တဖြည်းဖြည်း လမ်းလျှောက်လာရင်း အခုလို စိတ်ထဲကနေတွေးနေပါတယ်။ ” ဒီနေ့နွားနို့ရောင်းလို့ရလာတဲ့ပိုက်ဆံနဲ့ ကြက်ပေါက်ကလေးတွေဝယ်ပြီးတော့ မွေးထားရမယ်။ သူတို့လေးတွေ…

71.jpg

နေ့စဉ်သုတ

ဒါကတော့ ကိုယ်တိုင်အလွယ်တကူစမ်းသပ်ကြည့်နိုင်တာမို့ အသေးစိတ်ရှင်းမပြလိုတော့ပါဘူး။ ဒီအချက်က မှန်၏ မမှန်၏ ဆိုတာကို ပြန်လည်မျှဝေပေးခဲ့ပါဦးခင်ဗျ…။ Team (ရိုးရာလေး)

Capture.png

ကိုယ်တတ်နိုင်တဲ့အတိုင်းအတာထက် ပိုလွန်တဲ့ဇိမ်ခံမှုမျိုးကို ရှောင်ကြဉ်ပါ

ဟိုးရှေးရှေးတုန်းက ရှီဝှမ်တီဘုရင်မတိုင်ခင်မှာ တရုတ်ပြည်က တိုင်းပြည်ငယ်လေးတွေအဖြစ် ပြန့်ကျဲနေတဲ့အချိန်ပေါ့။ နယ်မြေသေးသေးလေးပဲရှိတဲ့ တိုင်းပြည်ငယ်လေးတစ်ခုရှိခဲ့တယ်။ နယ်မြေသေးပေမဲ့ တိုင်းသူပြည်သားတွေက အလုပ်ကြိုးစားပြီး ဘုရင်ကလည်း ပညာရှိတဲ့အမတ်တွေ စကားနားထောင်တာကြောင့် သူ့အထွာနဲ့သူ ဆင်းရဲမှုမရှိ၊ ချမ်းသာတဲ့ နိုင်ငံပါပဲ။ တစ်နေ့ကျတော့ သူတို့ ထက်နည်းနည်းကြီးတဲ့…

bully1.jpg

မိဘတွေအနေနဲ့ သားသမီးတွေရဲ့လုံခြုံမှုအတွက် သိထားရမယ့် အနိုင်ကျင့်ဗိုလ်ကျမှုများ

သားသမီးတွေအတွက် မိဘတွေ လုပ်ပေးရမယ့် အရေးကြီးဆုံး တာဝန်တွေထဲက တစ်ခုကတော့ အနိုင်ကျင့်ဗိုလ်ကျခံရမှုကနေ မိမိရဲ့သားသမီးတွေကို ကာကွယ်ပေးဖို့ပါပဲ။ တခြားတစ်ယောက်ရဲ့အပြုအမူကြောင့် ငိုပြီးပြန်လာတဲ့ သားသမီးတွေကို မြင်ရတာက မိဘတွေအတွက် သေချာပေါက် စိုးရိမ်ပူပန်မှုတစ်ခုပါပဲ။ မိဘတွေအနေနဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်း (သို့) ကြီးနိုင်ငယ်ညှင်းပြုခြင်းအမျိုးအစားတွေကို…

phone1.jpg

ဖုန်းမျက်နှာပြင်ရဲ့အလင်းကို အမြင့်ဆုံးထားမိလို့ မျက်ကြည်လွှာမှာ အပေါက် (၅၀၀) ဖြစ်သွားတဲ့ အမျိုးသမီး

ထိုင်ဝမ်မှ အသက် (၂၅) နှစ်အရွယ် အတွင်းရေမှူးမလေးချန်း (Chen) က ဖုန်းသုံးတဲ့အခါ အလင်း (brightness) ကို အဆုံးထိ တင်ထားလေ့ ရှိပါတယ်။ ဒီလိုမျိုးကြည့်လာတာ (၂) နှစ် ကျော်သွားချိန်မှာတော့ အမြင်အာရုံ ဝေဝါးလာခြင်း…