လူချင်းဝေးနေရရင်တောင် နှလုံးသားချင်းတော့ နီးစပ်ပေးပါ
တစ်ခါက သားဖြစ်သူက သူ့ဇနီးသည်အပေါ် ပြောဆိုဆက်ဆံနေတဲ့အမူအရာကို သဘောမကျတာကြောင့် အဖေဖြစ်သူဟာ အခုလိုပဲ မေးမြန်းနေပါတယ်။ “သား… မင်းဇနီးကို ဒေါသထွက်တဲ့အခါတိုင်း ဘာလို့ အော်ကြီးဟစ်ကျယ်ပြောနေတာလဲကွာ။ သူက မင်းရဲ့ အနီးနားမှာပဲလေ။ တိုးတိုးသက်သာပြောလည်း သူကြားပါတယ်ကွ။ သည်းခံပြီး စိတ်အေးအေးထားပြောပါလား…

