Ballon d’Or ဆု ပဏာမစာရင်းမှာ နေမာကို မထည့်သွင်းရတဲ့ အကြောင်းရင်းကို ရှင်းလင်း

yyl-23-003.jpg

၂၀၁၉ ခုနှစ် Ballon d’Or ဆု ပဏာမစာရင်းမှာ နေမာကို ချန်လှပ်ခဲ့တဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ဆုပေးအပ်တဲ့ France Football မဂ္ဂဇင်းက ရှင်းလင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ညက Ballon d’Or ဆု ပဏာမ ကစားသမား(၃၀)စာရင်းကို ထုတ်ပြန်ရာမှာ ဘရာဇီးတိုက်စစ်မှူး နေမာ မပါဝင်လာလို့ အံ့အားသင့်ခဲ့ကြပါတယ်။ နေမာဟာ ပြီးခဲ့တဲ့(၈)နှစ်ဆက်တိုက် ပဏာမ(၃၀)ဦးစာရင်းမှာ ပါဝင်ခဲ့သူပါ။ ဒဏ်ရာပြဿနာ များပြီး ဆိုးဆိုးရွားရွား ပြုမူခဲ့တဲ့အတွက် နေမာကို ပဏာမစာရင်းမှာ မရွေးချယ်ခဲ့တာလို့ France Football မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ပါတယ်။

နေမာဟာ ဇန်နဝါရီလ ၂၃ ရက်က စထရာဘော့အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေသန်းရိုးကျိုးခဲ့ပြီး မန်ယူနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ မန်ယူနဲ့ပွဲမှာ ပီအက်စ်ဂျီအသင်း
ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို စော်ကားခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ နေမာဟာ ဧပြီလ ၂၇ ရက်နေ့က ပြင်သစ်ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တစ်ယောက်ကို ဆောင့်တွန်းခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာလည်း ဘာစီလိုနာကို ပြောင်းရွှေ့ချင်တယ်လို့ ဒဲ့ပြောခဲ့တဲ့အတွက် ပီအက်စ်ဂျီပရိသတ်တွေနဲ့ နေမာရဲ့ကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအချက်တွေကြောင့် နေမာကို မရွေးချယ်ခဲ့တာလို့ France Football မဂ္ဂဇင်းက ဆိုပါတယ်။ Ballon d’Or ဆု ပဏာမစာရင်းမှာ ချန်လှပ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး နေမာက တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top