ကာလရှည်ပျောက်ဆုံးခဲ့တဲ့ဂန္တဝင်ပန်းချီကားကို အဘွားအိုရဲ့ မီးဖိုချောင်ကနေ ပြန်လည်တွေ့ရှိ

yyl-006-10.jpg

ကာလရှည်ပျောက်ဆုံးနေတဲ့ ဂန္တဝင်ပန်းချီကားတစ်ချပ်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားမှာ နေထိုင်တဲ့ အဘွားအိုတစ်ယောက်ရဲ့နေအိမ် မီးဖိုချောင်ကနေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ Christ Mocked ပန်းချီကားဟာ အီတလီနိုင်ငံမှာ ဉာဏ်အလင်းပွင့်တဲ့ခေတ်လို့ ခေါ်ဆိုကြတဲ့ Florentine Renaissance ကာလမှာ အီတလီပန်းချီဆရာ ဆီမာဘူးရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

အဲဒီပန်းချီကားကို ပြင်သစ်နိုင်ငံမြောက်ပိုင်း ကန်ပိုက်နီမြို့ နေအိမ်မီးဖိုချောင်ကနေ ပြန်တွေ့ခဲ့တာပါ။ ဆီမာဘူး ရေးဆွဲခဲ့တဲ့ တခြားပန်းချီကားတွေနဲ့ နှိုင်းယှဉ်လေ့လာဖို့အတွက် အနီအောက်ရောင်ခြည် အသုံးပြုပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ရာမှာ သံသယဖြစ်စရာ မတွေ့ရဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ Christ Mocked ပန်းချီကားဟာ ကားစင်တင်ခံရချိန်က ယေရှု ခံစားခဲ့ရတဲ့ ဝေဒနာကို ပုံဖော်ရေးဆွဲခဲ့တဲ့ ၁၂၈၀ ပြည့်နှစ်လက်ရာ ပန်းချီကားချပ်ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီပန်းချီကားကို အောက်တိုဘာလ ၂၇ ရက်ကျရင် ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် လေလံပွဲမှာ လေလံတင်ရောင်းချမှာဖြစ်ပြီး ယူရို(၆)သန်းလောက်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply