COVID-19 ကြောင့် မြေးမလေးရဲ့မင်္ဂလာပွဲကို မှန်ပြတင်းပေါက်ကနေ ဂုဏ်ပြုပေးခဲ့ရတဲ့ အဘွား

30-4-2020-yyl-040.jpg

ရှော့နာ ဗာနာ နဲ့ ထရက်ဗစ် ဆီပန်နီးယားတို့ရဲ့မင်္ဂလာဆောင်ဟာ သူတို့စိတ်ကူးယဉ်ခဲ့တာနဲ့ တစ်ခြားစီဖြစ်ပြီး လူတွေမပါဘဲ မင်္ဂလာပွဲဆင်နွှဲခဲ့ရပေမဲ့ သူတို့ရဲ့မင်္ဂလာပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒါက အဘွား ဂျာနစ်ပါပဲ။ ရှော့နာရဲ့ချစ်လှစွာသောအဘွား ဂျာနစ်က သူ့ရဲ့မင်္ဂလာပွဲမှာ မင်္ဂလာစကားပြောဖို့ စီစဉ်ထားခဲ့ပေမဲ့ မင်နီဆိုးတားပြည်နယ်က Country Manor’s Rapid Recovery & Aquatic Center ကနေ ထွက်လို့မရခဲ့ပါဘူး။ မတ်လလယ်ကတည်းက အဘွားဂျာနစ်က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သီးခြားနေထိုင်နေရတာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနဲ့ ဈေးကွက်ဒါရိုက်တာ အယ်မလီ ဖရီရစ်က ပြောပါတယ်။

ရှော့နာရဲ့ဖခင် ဂျက်ဖ် ဗာနာက ဧပြီလ ၂၅ ရက်နေ့ မင်္ဂလာဆောင်ကိုလာခဲ့ပါတယ်။ ဂျက်ဖ်က ဖရီရစ်ကို အဘွားဂျာနစ် မင်္ဂလာစကားပြောဖို့ အတူတူလေ့ကျင့်ဖို ပို့ပေးခဲ့ပြီး သတို့သမီးဆီကိုလည်း အသံသွင်းထားတာကို ပို့ပေးခဲ့ပါတယ်။ သတို့သားနဲ့သတို့သမီးတို့က အဘွားဂျာနစ်ဆီကို မင်္ဂလာမဆောင်ခင်မှာ မင်္ဂလာဝတ်စုံတွေနဲ့လာလည်ခဲ့တဲ့အတွက် အဘွားက မှန်ပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

မင်္ဂလာပွဲမတိုင်ခင်ညက အဘွားဂျာနစ်က အရမ်းစိတ်လှုပ်ရှားနေတယ်လို့ ဖရီရစ်က ပြောပါတယ်။ “အဘွားက ကြိုတွေးနေတာတွေများပြီး ကောင်းကောင်းမအိပ်ပဲ စိုးရိမ်နေတယ်” လို့ ဆိုပါတယ်။ မင်္ဂလာပွဲနေ့မှာ ဝန်ထမ်းတွေက အဘွားဂျာနစ်အတွက် ဝတ်စုံ၊ ဖိနပ်တို့ကို ရွေးပေးခဲ့ပြီး ဆံပင်လည်း ပြင်ဆင်ပေးခဲ့ပါတယ်။ “အလှပြင်ဆိုင်တွေက ပိတ်ထားတဲ့အတွက် ကျွန်မတို့က ပရော်ဖက်ရှင်နယ်မဟုတ်ပေမဲ့ သူ့ကို ဆံပင်ပြင်ပေးခဲ့ပါတယ်။ အဘွားက စိတ်ကျေနပ်မှုရှိခဲ့ပါတယ်။ အဘွားက လှနေပါတယ်” လို့ ဖရီရစ်က ပြောပါတယ်။

မှန်ပြတင်းပေါက်ကနေ မြေးအဘွားတွေတွေ့နေတဲ့ ဗီဒီယိုက မိသားစု ထာဝရတန်ဖိုးထားမြတ်နိုးမယ့်အရာဖြစ်လာမယ်လို့ ဖရီရစ်က မျှော်လင့်ထားပါတယ်။ ဖရီရစ်ကလည်း သူမစေ့စပ်ခင်က သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း သူ့အဘွားက သေဆုံးခဲ့တဲ့အတွက် ကိုယ်ချင်းစာတဲ့အနေနဲ့ အဘွားဂျာနစ်ကို သူ့မြေးရဲ့မင်္ဂလာဆောင်နေ့မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ဖို့ ဂျာနစ်တို့မြေးအဘွားအတွက် သူလုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ရှော့နာ ဗာနာနဲ့ ထရက်ဗ် ဆီပန်နီးယားတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြီး ပြီးဆုံးသွားတဲ့အခါ မင်္ဂလာပွဲကို တခမ်းတနားလုပ်ဖို့ စီစဉ်နေတုန်းပါပဲ။

Ref: Grandma in isolation sees granddaughter through glass door on wedding day
WL (ရိုးရာလေး)

Website: yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top