တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ ရေခဲတုံးကင်

2.9.23-yyl-1.jpg

တရုတ်နိုင်ငံမှာတော့ ရေခဲတုံးကင်ဆိုတဲ့ စားစရာတစ်မျိုး ရေပန်းစားနေပါတယ်။ ကျန်းဇီပြည်နယ်၊ နန်ချန်းမြို့ လမ်းဘေးဆိုင်လေးမှာ ရေခဲတုံးကင် လုပ်နေတဲ့ ဗီဒီယိုဖိုင်က တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ရေခဲတုံးကို အချဉ်ရည်နဲ့ အရသာမှုန့် ဖြူးပြီး မီးဖိုပေါ် ခဏကြာ လှိမ့်လိုက်တာ ဖြစ်ပါတယ်။

အဲဒီဆိုင်က ရေခဲတုံးကင်ကို ရောင်းချတာမဟုတ်ဘဲ အခမဲ့ကျွေးတာပါ။ ပူအိုက်တဲ့ နွေရာသီမှာ လူတွေ အပူဒဏ်သက်သာစေပြီး စိတ်ရွှင်လန်းအောင် အပျော်သဘောနဲ့ ရေခဲတုံးကင်ကို ထွင်ခဲ့တာလို့ ဆိုင်ရှင်က ဆိုပါတယ်။ သူက အပျော်သဘောပဲ လုပ်ခဲ့ပေမဲ့ လူတွေက ရေခဲတုံးကင်ကို အလွန်သဘောကျသွားလို့ အခုလို ဆက်လုပ်နေတာပါ။

အွန်လိုင်းအသုံးပြုသူတွေကတော့ ရေခဲတုံးကင်ကို ပူနေတုန်း စားရမှာလား၊ အေးသွားမှ စားရမှာလား။ ဘယ်လို စားစရာမျိုးလဲဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။

Ref: Grilled Ice Is Apparently a Real Street Snack in China

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top