အပတ်စဉ်ဗေဒင် ဟောစာတမ်းကဏ္ဍ (၂၃-၉-၂၀၁၈ မှ ၂၉-၉-၂၀၁၈) ရက်နေ့အထိ

Bay-Din-4-Week-4-September.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၃-၉-၂၀၁၈ မှ ၂၉-၉-၂၀၁၈) ရက်နေ့အထိ

ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေး လုပ်ငန်းများ အတင်အသင့်သာဖြစ်သည်။ ပုံမှန်လုပ်ငန်းကို ပုံမှန်သာလုပ်ခြင်းဖြင့် ပုံမှန်ဖြစ်နေမည်။။ ပြည်ပမှပစ္စည်းတင်သွင်းသူများကတော့ မထင်မှတ်သော အပြောင်းအလဲကြောင့် အခက်အခဲရှိနေလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများ အလုပ်သမားပြဿနာတက်တတ်သည်။ ရေလုပ်ငန်းလုပ်သူများအဆင်ပြေနေမည်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် မျက်စီရောဂါဖြစ်မည့် အချိန်ဖြစ်ပါတယ်။ အချစ်ရေးကတော့ ကောင်းပါသည်။ အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်း ငွေကြေးကိစ္စကို အခြေခံသော ရန်မြင်ပါတယ်။ ပညာရေးသမားများ ရာထူးစာမေးပွဲဖြေရဖို့ ပြင်ဆင်ပါ။ ကောင်းပါသည်။ စက်ပစ္စည်း(ကား)ဝင်တတ် ထွက်တတ်ပါသည်။ ထူးခြားချက်အနေဖြင့် ပန်းလက်ဆောင်ရပါက ထီးထိုးသင့်ပါသည်။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ- ၁။၆။၂

ယတြာ – အိမ်ဘုရားတွင် ရေတော် (၆)ခွက်။ဆီမီး၊ ပန်း သေချာပူဇော်ပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အထူးသတိထား လုပ်ကိုင်ရမည်အချိန်ဖြစ်သည်။ အစုအစပ်လုပ်ငန်းကို ဦးဆောင်သူများအတွက် မိမိ၏ ဆုံးဖြတ်ချက်တစ်ခု အမှားဖြစ်ပါက လုပ်ငန်း အားလုံးပြိုကျသွားမည့်အခြေအနေပါ။ ဆုံးဖြတ်ချက်များကို အထူးသတိထားလုပ်ကိုင်ရမည်။ ရွှေ၊စိန်၊ စသည့်ရတနာပစ္စည်းရောင်းဝယ်သူများ အထူးသတိထားရမည့် အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ကျောက်ကပ် ရောဂါခံစားနေရသူများ သတိထားကုသရလိမ့်မည်။ ယာဉ်ကြောင့်လည်း ထိခိုက်ခြင်း ဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် မိမိထက်ပိုချစ်တတ်သော ချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ထူးခြားချက်တစ်ခုအနေဖြင့် သစ်သီးလက်ဆောင်ရပါက ထီးထိုးလိုက်ပါ။ ဝန်ထမ်းများ ရာထူးစာမေးပွဲအတွက် အရွေးချယ်ခံရမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၀ ၊ ၃။

ယတြာ– နွမ်းပါး ကလေးငယ်များကို အဝတ်အထည်လှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းကောင်းသောအချိန်ဖြစ်သည်။ ရေလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာမည်။ သူတပါးစီးပွားရေး အခက်အခဲဖြစ်ချိန်တွင် မိမိစီးပွားရေးကောင်းနေတတ်သည်။ ယခု အချိန်တွင် ဝန်းထမ်းများကို အခြေခံသော လုပ်ငန်းကြောင်း လုပ်ငန်းများ ဦးမော့သွားပါလိမ့်မည်။ ကား၊စက်ပစ္စည်းများ ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်းသတိထားရလိမ့်မည်။ အချစ်ရေးတွင် အနည်းငယ်ညံ့နေပြီး အဖြေရရန် စောင့်ရလိမ့်မည်။ အိမ်ထောင်ရေးသမားများ ကံကောင်းသော်လည်း လုပ်ငန်းများကြောင့် ခွဲနေရတတ်သည်။ ပညာရေးသမားများစိတ်ချမ်းသာရမည်။ ထူးခြားချက်အနေဖြင့် ဘုရားရုပ်ပွားတော် လက်ဆောင်ရရှိပူဇော်ရပါက ထီပြေးထိုးလိုက်ပါ။ ဝန်ထမ်းများ သတိပြုရန်မှာ လူကြီးကြောင့် စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၄။

ယတြာ – ရဟန်းတစ်ပါးကို ဆေးများ လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ ကုန်သွယ်ခြင်းလုပ်ငန်းမှအပ ကျန်လုပ်ငန်းလုပ်သူများ အနည်းငယ်ညံ့နေလိမ့်မည်။တောင်သူလုပ်ငန်းလုပ်သူများကတော့ အလွန်စိတ်ညစ်ရတတ်သည်၊ ဘုရားတွင် သန့်ရှင်းရေးလုပ်လိုက်ပါက ကံကောင်းလာပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့် အရိုး၊အကြောရောဂါ နှင့် ခါးနာရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် ချစ်သူနှင့် ခွဲခွါနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်ပါသည်။ပညာရေးတွင် မိမိသင်ပြသော တပည့်ကိုအကြောင်းပြုပြီး ကိစ္စဖြစ်တတ်သည်။ ကား၊ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်မည်။ ထူးခြားသည်မှာ မိမိအိမ်သို့ ဘိုတော်ရုပ်ထု ရောက်လာပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ စိတ်မသာမယာဖြစ်နေမည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ စီးပွားရေးတွင် ရွှေ၊ကား လုပ်ငန်းကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနှင့် ပေါင်းစပ်လုပ်ဆောင်ရမည်။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၅။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် မရှိနွမ်းပါးသော သူများကို တတ်နိုင်တာ ပေးလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက် စီးပွားရေး အခြေအနေမှ စိတ်အလွန်ညစ်ရသော အခြေအနေတစ်ခုကို ရင်ဆိုင်နေရမည်။ ငွေကြေးအားနာခြင်းကြောငဖြစ်သည်။ ငွေကြေးလုပ်ငန်းများ၊ အိမ်ပေါင်၊မြေပေါင်လုပ်ငန်းများမှ ငွေပြန်မရဖြစ်တတ်သည်။ ကျန်းမာရေးအနေနှင့်ကတော့ ဆီးရောဂါရှင်များ သတိထားကုသပါ။ အချစ်ရေးနှင့်ပါတ်သက်ပြီး စိတ်ချမ်းသာရမည့်အချိန်ရောက်ပါပြီ၊ လက်ထပ်ရန်ရက်ရွေးရန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း ကံကောင်းသည်။ ပညာရေးလိုက်နေသော ဝန်ထမ်းများ ရာထူးတက်ရန် စာပေးပွဲအောင်မည်။ ၊အိမ်ခြံမြေ ဝင်တတ်၊ထွက်တတ်သည်။ ထူးခြားသည်မှာ ဘာသာရေးနှင့်ဆိုင်သော ပန်းချီကားတစ်ချပ် လက်ဆောင်ရပါက ထီထိုးပါ။ ဝန်ထမ်းများအထူး ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၆။

ယတြာ – ကြာသာပတေးနေ့တွင် ငှက်ကလေးများကို အစာကြွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေး လုပ်ငန်းလုပ်ရာတွင် ကံကောင်းနေမည်။ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆေးပစ္စည်းရောင်းချသူများ၊ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ ငွေကြေးကို အခြေခံသူများကတော့ အားနည်းနေမည်သာဖြစ်သည်။ကျန်းမာရေးအနေနှင့် နှလုံးရောဂါရှိသူများ ဆေးမှန်ရန်လိုအပ်သည်။ ဂရုစိုက်ပြီး ဆေးစစ်ပါ။ အချစ်ရေးသမားများ ကံကောင်းလာပြီး ချစ်သူနှင့် အတူရှိနေတတ်သည်။ အိမ်ထောင်ရေးသမားများ မိဘတို့ကိုအကြောင်းပြုပြီး အကြင်နာများ လျှော့နေမည်။ ပညာရေးသမားများ မပျင်းပါနှင့်။ရတနာပစ္စည်းများဝင်မည်၊ ထွက်မည်။ထူးခြားချက်အနေဖြင့် မိမိစီးနှင်းသော ယာဉ်၏ ဘီးပေါက်ပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၀။

ယတြာ – သောကြာနေ့တွင် ငှက်လွှတ်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ပုံမှန်အဆင်ပြေမည်။ ငွေကြေး၊ရွှေ၊စိန်၊ စသည့် ရတနာပစ္စည်းကိုအခြေခံသော လုပ်ငန်းများ ပိုသတိထားပါ။ ကျန်းမာရေးအနေဖြင့် ညာဘက်လက်တွင် ထိခိုက်မိတတ်သည်။ခေါင်းကိုက်၊ခေါင်းခဲ ဖြစ်တတ်သည်။ အိမ်ခြံမြေနှင့်ဆိုင်သော ငွေကြေးကိစ္စဈဘဏ်ကိစ္စရပ်များမှ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရက် ရွေ့ဆိုင်ရတတ်သဖြင့် အထူးသတိထား ပြောဆိုရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကို အခြေခံသော အိမ်တွင်ရေးကိစ္စများ ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ ကား၊ဆိုင်ကယ် ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ အလွန်ကျိုးစားရမည့်အချိန်ဖြစ်သည်။ ရာထူးအတွက် လေ့လာသူများ သူများထပ် ပိုလေ့လာပါ။ ထူးခြားချက်အနေဖြင့် မိမိအား အခြားသူက လူမှားခေါ်ခြင်းခံရပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ရာထူးတတ်မည်၊ ကောင်းသောပြောင်းရွေ့ရခြင်းဖြစ်မည်။

အကျိုးပေးဂဏန်း – ၀ ၊ ၅ ၊၁။

ယတြာ – စနေနေ့တွင် သံဃာတော်တစ်ပါးအား ဖိနပ်လှူပါ။

 

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top