ကလေးငယ်တွေ ကျောင်းတက်ခွင့်ရအောင် ကူညီပံ့ပိုးပေးခဲ့တဲ့ ဆံသပညာရှင်

9-5-2022-yyl-24.jpg

ဆံသပညာရှင် အမျိုးသမီးတစ်ဦးဟာ ငွေကြေးအဆင်မပြေတဲ့မိသားစုမှ ကလေးငယ်တွေ ကျောင်းတက်ခွင့် ရစေဖို့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့သလို အခမဲ့ ဆံပင်ညှပ်ပေးခဲ့ပါတယ်။ သူကတော့ မက်ဆာချူးဆက်ပြည်နယ် Mnandi Salon က ဆံသပညာရှင် အမန်ဒါဘားနက်ပါပဲ။

” တစ်ကိုယ်တော်မိခင်တွေ၊ ငွေကြေးအဆင်မပြေတဲ့ မိသားစုဝင် ကလေးငယ်တွေ ကျောင်းတက်ခွင့်ရအောင် အမြဲကူညီပေးချင်ခဲ့တာပါ။ အစစအရာရာ ဈေးကြီးနေတဲ့ ဒီကာလကြီးမှာ ကလေးတွေကို ကျောင်းသုံးပစ္စည်းတွေ ပံ့ပိုးပေးပြီး ဆံပင်ညှပ်ပေးခြင်းအားဖြင့် သူတို့တွေရဲ့ စိတ်သောက အနည်းအကျဉ်းကို ဖြေလျှော့ပေးချင်တာပါ” လို့ အမန်ဒါဘားနက်က ပြောပါတယ်။

ဘားနက်ဟာ သြဂုတ်လ ၂၃ ရက်က ကလေးငယ် ၃၀ အတွက် ကျောပိုးအိတ်၊ ကျောင်းသုံးပစ္စည်းတွေ ပေးအပ်ပြီး ဆံပင်ညှပ်ပေးခဲ့တာပါ။ ပြီးတော့ လက်ဆောင်ပစ္စည်းတွေ ထည့်ထားတဲ့ခြင်းတစ်လုံးကိုလည်း မဲဖောက်ပေးခဲ့ပါသေးတယ်။ ဒီနေ့ ကမာကြီးမှာ အခုလို မေတ္တာရှေ့ထားတဲ့ လုပ်ရပ်မျိုးတွေ လုပ်ပေးဖို့ တကယ်အရေးကြီးနေတယ်လို့လည်း သူက ဆိုခဲ့ပါသေးတယ်။

Ref: Hairstylist Sends 30 Kids Back To School With A Free Hair Cut And School Supplies

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top