ရော်နယ်ဒိုနဲ့ ဖာဂူဆန် ပေါင် ၄၀၀ ကြေး လောင်းကြေးထပ်ခဲ့

15-7-2020-yyl-031.jpg

မန်ယူအသင်းကို နည်းပြခဲ့ချိန်က ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ဂန္ထဝင်နည်းပြ ( ဟောင်း) ဖာဂူဆန်ရဲ့ ထိန်းသိမ်းကိုင်တွယ်ခဲ့ပုံက ထူးခြားပြောင်မြောက်လွန်းတယ်လို့ ပြောစမှတ်တွင်ခဲ့ပါတယ်။ ဖာဂူဆန်ဟာ ရော်နယ်ဒိုကို ဂိုးဆာလောင်စိတ် ပြင်းပြလာအောင် တွန်းအားပေးတဲ့အနေနဲ့ ပေါင် ၄၀၀ ကြေး လောင်းကြေးထပ်ခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုကို ပရီးမီးယားလိဂ်မှာ တစ်ရာသီ ၁၅ ဂိုး သွင်းနိုင်မလားဆိုတာ ဖာဂူဆန်က လောင်းကြေးထပ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလက ဗီလာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ရော်နယ်ဒိုက ” နည်းပြကြီးကို အနိုင်ရဖို့က ကျွန်တော့်ရည်မှန်းချက်ပါပဲ။ ရည်မှန်းချက်ပြည့်အောင် ဆက်ကြိုးစားသွားမယ်။ ဂိုးတွေဆက်သွင်းချင်ပါတယ်”လို့ ပြောခဲ့ဖူးပါတယ်။ စပါးကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ရော်နယ်ဒိုက သူ့ရဲ့၁၅ ဂိုးမြောက်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ဖာဂူဆန်က ” ပင်နယ်တီတွေကို ထည့်မတွက်ပါဘူး”လို့ ပြောခဲ့ပြီးမှ ” ထားလိုက်ပါတော့။ ကျွန်တော် ဘဏ်သွားရဦးမယ်ထင်တယ်”လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဲဒီရာသီက ပရီးမီးယားလိဂ်မှာ ၁၇ ဂိုး သွင်းနိုင်ခဲ့ပြီး နောက်တစ်ရာသီမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၃၁ ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုး ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top