တစ်ပွဲတည်းမှာ ပင်နယ်တီ ၃ လုံး ဂိုးမဝင်ခဲ့လို့ ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့သူ

13-5-2020-yyl-024.jpg

ပွဲစဉ်တစ်ပွဲတည်းမှာ ပင်နယ်တီ ၃ လုံး ကန်ခွင့်ရပေမဲ့ ၃ ကြိမ်လုံး ဂိုးမဝင်ခဲ့တဲ့ အာဂျင်တီးနား ကစားသမားဟာ ဂင်းနက်စ်စံချိန်မှတ်တမ်းမှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ မာတင်ပါလာမိုဟာ အာဂျင်တီးနားအသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ဖို့ ပွဲချိန်နှောင်းပိုင်း ဂိုးသွင်းပေးခဲ့လို့ လူသိများထင်ရှားခဲ့ပါတယ်။

ဒါပေမဲ့ မာတင်ပါလာမိုဟာ ၁၉၉၉ ခုနှစ်တုန်းကတော့ ကိုလံဘီယာနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ မလိုချင်တဲ့ မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ သူက အဲဒီပွဲမှာ ပင်နယ်တီ ၃ လုံးကန်ခဲ့ပေမဲ့ ဂိုးမဝင်ခဲ့ပါဘူး။ ပထမဆုံး ပင်နယ်တီ ဘားထိထွက်၊ ဒုတိယပင်နယ်တီက ဘားပေါ်က ကျော်သွားပြီး တတိယပင်နယ်တီကို ပြိုင်ဘက်ဂိုးသမားက ပုတ်ထုတ်ကာကွယ်ခဲ့တာပါ။ ဗီလာရီးရဲလ်နဲ့ ဘိုကာဂျူနီယာအသင်းတွေမှာ ကစားခဲ့တဲ့ မာတင်ပါလာမိုဟာ ဘိုကာဂျူနီယာအတွက် ၅၉၂ ပွဲ ကစားချိန်မှာ ၂၄၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်နေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top