(၁၅)နှစ်အတွင်း အသက်အငယ်ဆုံး တင်းနစ် ချန်ပီယံဖြစ်ခဲ့သူ ကိုကိုဂေါ့ဖ်

yyl-16-003.jpg

၂၀၁၇ ခုနှစ် ပြင်သစ်အိုးပင်းချန်ပီယံ အော်စတာပင်ကိုကို အနိုင်ယူပြီး လင့်ဇ်အိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့ အသက်(၁၅)နှစ်အရွယ် အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး WTA ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကိုကိုဂေါ့ဖ်ဟာ လင့်ဇ်အိုးပင်းပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ တခြားကစားသမားက ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရလို့ အစားထိုးကစားခွင့်ရရှိခဲ့တာပါ။

အော်စတာပင်ကိုကို ၆-၃၊ ၁-၆၊ ၆-၂ နဲ့ အနိုင်ရခဲ့တဲ့ ကိုကိုဂေါ့ဖ်ဟာ ၂၀၀၄ ခုနှစ်က နီကိုးလ်ဗိုင်ဒီဆိုဗာနောက်ပိုင်း WTA ပြိုင်ပွဲတစ်ရပ်ရဲ့ အသက်အငယ်ဆုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။ သူဟာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၃၀၀၀ ရရှိခဲ့ပါတယ်။ ဒါဟာ လာမယ့်နှစ်တွေမှာ သူရရှိလာနိုင်တဲ့ စပွန်ဆာကြေးရဲ့ အစွန်းထွက်လောက်ပဲ ရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ကွင်းတွင်းအောင်မြင်တွေ ရရှိခဲ့ပြီးနောက်မှာ ကိုကိုဂေါ့ဖ်နဲ့ စပွန်ဆာစာ ချုပ်ချုပ်ဆိုချင်တဲ့ ကုမ္ပဏီတွေ ဝိုင်းဝိုင်းလည်လာလို့ပါပဲ။သူဟာ ပြီးခဲ့တဲ့ဇူလိုင်လက ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲမှာ တင်းနစ်ကြယ်ပွင့် ဗီးနပ်စ်ဝီလျံကို အနိုင်ယူကျော်ဖြတ်ပြီး စတုတ္ထအဆင့်အထိ တက်လှမ်းနိုင်ခဲ့သူပါ။

လင့်ဇ်အိုးပင်းပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ကိုကိုဂေါ့ဖ်ဟာ ကမ္ဘာ့အဆင့် ၁၁၀ နေရာကနေ ၇၀ အထိ မြင့်တက်လာဖို့ရှိနေတာကြောင့် လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ လက်ရည်စစ်ပွဲ ဆင်နွှဲစရာလိုတော့မှာမဟုတ်ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top