ဗီတာမင်ဒီ အဆိပ်သင့်ခြင်း
အရင်က ဗီတာမင်ဒီ အဆိပ်သင့်တယ်ဆိုတာ ရှားပါတယ်။ ခုခေတ်မှာတော့ ဗီတာမင်ဒီအဆိပ်သင့်တယ်ဆိုတာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။ အကြောင်းက ဗီတာမင်ဒီက ကျန်းမာရေးကောင်းကျိုး ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြည့်စွက်ဆေးကို အဆမတန်သောက်လာကြတာကြောင့်ပါပဲ။ ဗီတာမင်ဒီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာမှန်ပါတယ်။ ဖြည့်စွက်ဆေးတွေက တချို့သူတွေအတွက် လိုတယ်ဆိုတာလည်း မှန်ပါတယ်။…

