ထိုင်းနိုင်ငံမှာ ပလတ်စတစ်အိတ်သုံးစွဲမှု တားမြစ်ထားတဲ့အတွက် ထူးဆန်းတဲ့အရာတွေယူလာပြီး ဈေးလာဝယ်ကြသူများ

yyl-001-4.jpg

ပလတ်စတစ်အိတ်တွေနဲ့ ဈေးဝယ်တာက အဲဒီလောက်ဆိုးရွားလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ချင်မှထင်ကြမှာပါ။ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ များလာတာနဲ့ ပတ်ဝန်းကျင်ကိုသာမက ကုန်းနေရေနေ သတ္တဝါတွေကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ ကျွန်တော်တို့အပါအဝင် လူသန်းပေါင်းများစွာက ပလတ်စတစ်အိတ်တွေကို သုံးစွဲနေကြပါတယ်။

ထိုင်းနိုင်ငံကတော့ ၂၀၂၀ပြည့်နှစ်အစမှာပဲ ပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်ခဲ့ပါတယ်။ နှစ်သစ်ကူးမတိုင်ခင်ကတည်းက ထိုင်းနိုင်ငံက ပလတ်စတစ်အမှိုက်တွေနဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်းနေခဲ့တာပါ။ တချို့စတိုးဆိုင်ကြီးတွေမှာ ပလတ်စတစ်အိတ် အသုံးပြုမှုကို တားမြစ်ထားပါတယ်။

ဲပြီးခဲ့တဲ့နှစ်က ပလတ်စတစ် အမှိုက်တွေကြောင့် တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတွေကို ပြည်သူတွေက သိမြင်လာခဲ့ပါတယ်။ အစိုးရက ချမှတ်ထားတဲ့ Campaignကို ပြည်သူတွေနဲ့ပူပေါင်းပြီး ၂၀၂၁ခုနှစ်ထိ လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပင်လယ်ထဲက စွန့်ပစ်ပလတ်စတစ် အမှိုက်တွေကြောင့် အစာခြေစနစ် ပြဿနာတွေဖြစ်ပြီး တိရစ္ဆာန်တွေ သေဆုံးခဲ့ရတာ အဖြစ်အပျက်တွေရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံက ပင်လယ်ထဲကို အမှိုက်သရိုက်တွေပစ်တဲ့ ကမ္ဘာ့ထိပ်ဆုံး နိုင်ငံတွေထဲမှာ နံပါတ် (၆) နေရာကို ရောက်ရှိခဲ့ပေမဲ့ နံပါတ် (၁၀) နေရာကို ရောက်သွားအောင် ပြည်သူတွေနဲ့ ပူပေါင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုလည်း ပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်ခဲ့တဲ့အတွက် အဲဒါနဲ့ လက်လျောညီထွေအောင် နေထိုင်တတ်တဲ့ ထိုင်းပြည်သူတွေကတော့ တကယ်ကိုအံ့မခန်းပါပဲ။

ပလတ်စတစ်အိတ်မပါဘဲ သူတို့ရဲ့ဈေးဝယ်တဲ့ပုံစံက လူမှုကွန်ယက်ကို လှုပ်ခါသွားစေပါတယ်။ ထိုင်းနိုင်ငံက ပြည်သူတွေက စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဈေးလာဝယ်တဲ့အခါမှာ ကုန်ပစ္စည်းတွေကို သယ်ဆောင်ဖို့အတွက် ယူလာတဲ့အရာတွေက ထူးထူးဆန်းဆန်းတွေပါပဲ။

သူတို့ ပစ္စည်းသယ်ဖို့ ယူဆောင်လာခဲ့တဲ့ အရာတွေကြောင့်ပဲ လူမှုကွန်ယက်မှာ လူပြောများခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတဲ့အရာတွေကို ယူလာပြီးဈေးဝယ်ထွက်လာတဲ့ ထိုင်းနိုင်ငံက ဈေးဝယ်သူတွေရဲ့ပုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Ref: As Thailand Is Banning Plastic Bags, These 30 People Have Come Up With Awesome And Unusual Alternatives

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top