ရှားပါးတန်ဇန်နိုက်ကျောက်မျက် ၂ တုံးတွေ့လို့ သန်းချီရခဲ့တဲ့ ကျောက်တူးသမား ရှားပါးကျောက် ထပ်တွေ့လို့ ကန်ဒေါ်လာ ၂ သန်း ထပ်ရ

4-8-2020-yyl-007.jpg

ပြီးခဲ့တဲ့ဇွန်လက ရှားပါးတန်ဇန်နိုက်ကျောက်မျက် ၂ တုံး ရှာဖွေတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၄ သန်းနဲ့ ရောင်းချနိုင်ခဲ့လို့ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်ခဲ့တဲ့ တန်ဇန်းနီးယား ကျောက်တူးသမားဟာ နောက်ထပ်ရှားပါးကျောက်မျက်တစ်တုံး တွေ့ရှိခဲ့ပါတယ်။ ဆာနီနီယူလိုက်ဇာ ရှာဖွေတွေ့ရှိခဲ့တဲ့ တတိယမြောက် တန်ဇန်နိုက်ကျောက်မျက်ဟာ အလေးချိန် ၆.၃ ကီလိုဂရမ်ရှိပြီး အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းမှာပဲ တွေ့တတ်တဲ့ တန်ဇန်နိုက်ကျောက်မျက်ကို လက်ဝတ်ရတနာတွေ ပြုလုပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်တစ်မျိုးဖြစ်တဲ့ တန်ဇန်နိုက်ကျောက်မျက်ဟာ လာမယ့် နှစ် ၂၀ အတွင်း ကမ္ဘာပေါ်ကနေ လုံးဝကုန်ဆုံးပျောက်ကွယ်သွားမယ်လို့ ဒေသခံဘူမိဗေဒပညာရှင်တစ်ယောက်က ခန့်မှန်းထားပါတယ်။ တန်ဇန်နိုက်ကျောက်မျက်ရဲ့ အရောင် ဒါမှမဟုတ် ကြည်လင်ပြတ်သားမှုအလိုက် ရှားပါးမှုကို တိုင်းတာပြီး ရှားပါးလေလေ တန်ကြေးမြင့်လေလေ ဖြစ်ပါတယ်။ ဆာနီနီယူလိုက်ဇာက သူ့လို တစ်နိုင်တစ်ပိုင် ကျောက်တူးသမားတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပြီး သူ့ရဲ့အတွေ့အကြုံက ဥပမာကောင်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top