အင်အားပြင်း ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံမှာ အနည်းဆုံး လူ ၆ ယောက် သေဆုံး

hurricane01.jpg

ဟာရီကိန်းမုန်တိုင်း လော်ရာ( Laura)ကြောင့် အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်မှာ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ချိန်မှာ တစ်နာရီလေတိုက်နှုန်း မိုင် ၁၅၀ အထိ ရှိခဲ့လို့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်သန်းတစ်ဝက်ကျော်ကတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့နေပါတယ်။ ပြင်းအားအဆင့် (၄) ရှိတဲ့ ဟာရီကိန်းမုန်တိုင်း လော်ရာဟာ အမေရိကန်ပင်လယ်ကွေ့ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံး မုန်တိုင်းတစ်လုံး ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက နယူးအော်လင်းမြို့ကို ချေမွဖျက်စီးခဲ့ပြီး လူ ၁၈၀၀ ကျော် သေဆုံးစေခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာ(Hurricane Katrina) ထက်တောင် အားပိုပြင်းတယ်လို့ လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဒ်ဝပ်က ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းလော်ရာကြောင့် ပေ ၂၀ မြင့်တဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ခဲ့ပေမဲ့ အဲဒီလို အခြေအနေမျိုးတော့ မကြုံခဲ့ပါဘူး။ အခုချိန်မှာတော့ ဟာရီကိန်းမုန်တိုင်း လော်ရာဟာ တက္ကဆက်-လူဝီစီယားနားနယ်စပ်ရဲ့ အရှေ့ဘက်ကို ရောက်ရှိနေပြီး အပူပိုင်းမုန်တိုင်းအဆင့် အားလျော့သွားပါပြီ။ အမြင့်ဆုံး လေတိုက်နှုန်းအဖြစ် တစ်နာရီ မိုင် ၄၀ နှုန်းပဲ ရှိတော့ပေမဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းနေဆဲပဲလို့ အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်း လော်ရာဟာ အမေရိကန်နိုင်ငံ ကုန်းတွင်းပိုင်းကို မဝင်ရောက်ခင် ကာရေဘီယံဒေသကို ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်း လော်ရာနဲ့ အပူပိုင်းမုန်တိုင်း မာကိုတို့ကြောင့် ကာရေဘီယံဒေသမှာ လူ ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

Ref: BBC ” Hurricane Laura’s winds batter Louisiana, killing six”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top