ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ ဒီဂီယာအတွက် ခံစားရတယ်လို့ ကက်စပါရှမိုက်ကယ် ပြော

23-7-2020-yyl-028.jpg

အမှားအယွင်းများနေလို့ ဝေဖန်မှုတွေ ကြုံနေရတဲ့ မန်ယူဂိုးသမား ဒီဂီယာအပေါ် ဝေဖန်မှုတွေကြောင့် ခံစားရတယ်လို့ လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်က ပြောပါတယ်။ လက်စတာနဲ့ မန်ယူတို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ် ကစားရဖို့ရှိနေပြီး အဲဒီပွဲစဉ်မတိုင်ခင် ကက်စပါရှမိုက်ကယ်က အခုလို ပြောခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒီဂီယာဟာ ဒီရာသီမှာတော့ လက်စွမ်းမတည်ငြိမ်ဘဲ အမှားအယွင်းများနေလို့ ဝေဖန်မှုတွေ ရင်ဆိုင်နေရပြီး ဦးစားပေးဂိုးသမားနေရာကနေ ဖယ်ရှားသင့်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

” ဂျာနယ်လစ်တွေ၊ ဘောလုံးကျွမ်းကျင်ပညာရှင်တွေကို မလေးမစားပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က ဘယ်တုန်းကမှ ဂိုးမဖမ်းခဲ့ဖူးပါဘူး။ အမှားတွေ၊ အလွဲတွေကို ပိုင်းခြားသုံးသပ်ပြကြတယ်။ သူတို့ရဲ့အလုပ်က ပညာသင်ဖို့ပါပဲ။ ပြီးတော့ ဂိုးဖမ်းတာနဲ့ပတ်သက်ပြီး လက်အနေအထား၊ ခြေထောက်အနေအထား၊ ဂိုးသမားတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေတဲ့ နည်းပညာပိုင်း စတဲ့ ပညာရပ်အမြင်တွေကို သူတို့ပြောကြတယ်။ တစ်ခါတလေ လက်အနေအထား မှားနေတယ်ဆိုတဲ့ မှတ်ချက်မျိုး ကြားရတယ်။ ” ငါပြောတဲ့အတိုင်းပဲ၊ သူကတော့ ထပ်လုပ်ချလိုက်ပြန်ပြီ”ဆိုတာမျိုးပေါ့။ အဲဒီမှတ်ချက်တွေက အန္တရာယ်ဖြစ်စေတဲ့ အယူအဆတွေ ဖြစ်လာစေပါတယ်။ ဒီဂီယာက ပြီးခဲ့တဲ့နှစ်တွေအတွင်း မယုံနိုင်လောက်အောင်ကောင်းတဲ့ လက်စွမ်းမျိုးပြသခဲ့သူပါ။ ဂိုးသမားတိုင်း လက်စွမ်းညံ့တဲ့ အခိုက်အတန့်ကို ဖြတ်သန်းရတာချည်းပါပဲ။ အဲဒါကြောင့် သူ့အတွက် ကျွန်တော် ခံစားရပါတယ်”လို့ ကက်စပါရှမိုက်ကယ်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့တဲ့ ဒီဂီယာဟာ ကက်စပါရှမိုက်ကယ်ရဲ့ဖခင် ပီတာရှမိုက်ကယ်ရဲ့စံချိန်ကို ချိုးဖျက်ပြီး မန်ယူအတွက် ပွဲအများဆုံး ကစားခွင့်ရတဲ့ ပြည်ပကစားသမားဖြစ်လာခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top