ဒူဘိုင်းမြို့မှ ဆောက်လုပ်စတာဝါရဲ့ အပေါ်ဆုံးထပ် ဇိမ်ခံအလွှာကို ကမ္ဘာ့စံချိန်တင်ဈေး ဒေါ်လာ ၁၃၆ သန်းဖြင့် ဝယ်ယူ

6.12.23-yyl-6.jpg

ဒူဘိုင်းမြို့မှာ တည်ဆောက်ဆဲဖြစ်တဲ့ တာဝါတစ်လုံးရဲ့ အပေါ်ဆုံးထပ် ဇိမ်ခံအလွှာကို ကမ္ဘာ့စံချိန်တင်ဈေးနှုန်း ဒေါ်လာ ၁၃၆ သန်းကျော် ( မြန်မာကျပ်ငွေ ၅၀၀ ဘီလျံနီးပါး)နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီဇိမ်ခံအလွှာဟာ အုန်းလက်ပုံ ကျွန်းတု (Palm Jumeirah)ပေါ်မှာ တည်ဆောက်ဆဲဖြစ်တဲ့ ၇၁ ထပ်ကွန်ဒို Como Residences ရဲ့ အပေါ်ဆုံးအလွှာ ဖြစ်ပါတယ်။

Como Residences ကွန်ဒိုကို ၂၀၂၇ ခုနှစ်နှောင်းပိုင်းမှာ အပြီးသတ်အပ်နှံနိုင်မယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံအလွှာကို ဝယ်ယူသူကတော့ အဲဒီမှာ နေထိုင်ခွင့်ရဖို့ နောက်ထပ် ၃ နှစ် စောင့်ရဦးမှာပါ။ အဲဒီအလွှာဟာ စတုရန်းပေ ၂၂၀၀၀ နီးပါး ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းပါဝင်ပါတယ်။

ဒူဘိုင်းမြို့ရဲ့ အချက်အချာကျရာ နေရာမှာ တည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ Burj Khalifa တာဝါကိုလည်း လှမ်းမြင်နေရမှာပါ။ ဘေးဘီဝဲယာ ပတ်ပတ်လည် မြင်နိုင်မယ့် ရေကူးကန်လည်း ပါဝင်ပါတယ်။ ဇိမ်ခံအလွှာ ဝယ်ယူခဲ့သူကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပေမဲ့ ဥရောပအရှေ့ပိုင်းနိုင်ငံတစ်နိုင်ငံရဲ့ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်တယ်လို့ Como Residences တာဝါရဲ့ အခန်းတွေကို တာဝန်ယူရောင်းချပေးနေတဲ့ Provident Estate က ဆိုပါတယ်။

Ref:Yet-to-be-built Dubai penthouse sells for record $136 million

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top