Google Translate ကြောင့် သူငယ်ချင်းသစ် ရခဲ့တဲ့ ၁၀ နှစ်အရွယ် ယူကရိန်းဒုက္ခသည်ကလေးငယ်

26-3-2022-yyl17.jpg

ယူကရိန်းကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ကလေးငယ်တစ်ယောက်ဟာ နည်းပညာအကူအညီကြောင့် ပိုလန်နိုင်ငံ စာသင်ကျောင်းမှာ အချိန်တိုအတွင်း အထိုင်ကျခဲ့ပြီး သူငယ်ချင်းသစ်တောင် ရနေပါပြီ။ ၁၀ နှစ်သမီး ယာနာဟာ လွန်ခဲ့တဲ့ ၃ ပတ်မှာ ယူကရိန်းကနေ ထွက်ပြေးလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပိုလန်နိုင်ငံ ဝါဆောမြို့မှာ နေထိုင်လျက် ရှိပါတယ်။

ယာနာရဲ့ အချစ်ဆုံးသူငယ်ချင်းသစ်ကတော့ အလစ်ဂျာပါပဲ။ ယာနာနဲ့ အလစ်ဂျာတို့ဟာ ဘာသာစကား မတူညီမှုက အဟန့်အတားရှိပေမဲ့ Google Translate အသုံးပြုပြီး ကျော်လွှားနိုင်ခဲ့ကြတာပါ။ လက်ရှိအချိန်အထိ ဝါဆောမြို့ရဲ့စာသင်ကျောင်းမှာ ယူကရိန်းကလေးငယ် ၆၀ တက်ရောက်လျက်ရှိပြီး လာမယ့်သီတင်းပတ်တွေမှာ ယူကရိန်းဒုက္ခသည်ကလေးငယ်တွေ ထပ်တိုးလာဖွယ် ရှိနေပါတယ်။

Ref: indy100 “Ukrainian refugee uses Google Translate to communicate with new Polish best friend”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top