ရောဂါသည်အဖွဲ့သားဟောင်းကို ပွေ့ချီပြီးတော့ မာရသွန်ပြိုင်ပွဲရဲ့နောက်ဆုံးစည်းကို ဖြတ်ခဲ့တဲ့ ကစားသမားဟောင်း

16.5.2023-yyl-3.jpg

Rugby League ကစားသမားဟောင်း ကယ်ဗင် ဆင်းဖီးလ်က Leeds Marathon ပြိုင်ပွဲမှာ သူ့ရဲ့အဖွဲ့သားဟောင်း၊သူငယ်ချင်းကို ပွေ့ချီပြီး နောက်ဆုံးစည်းကို ဖြတ်ခဲ့ပါတယ်။ လက်ရှိ အင်္ဂလန်အမျိုးသားအသင်းအတွက် နည်းပြလုပ်နေတဲ့ ကယ်ဗင်က ပရော်ဖက်ရှင်နယ်ကစားသမားဟောင်း ရော့ဘ် ဘူရိုကို ပွေ့ချီခဲ့တာပါ။ ၂၆.၂ မိုင် (၄၂.၁) ကီလိုမီတာအထိကိုတော့ ရော့ဘ်ကို ဝှီးချဲနဲ့ သယ်ပြီး တွန်းခဲ့ပါတယ်။

ရော့ဘ်က Leeds Rhinos အသင်းနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ၁၆ နှစ်တာ ကုန်ဆုံးခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး ဦးနှောက်နဲ့ ကျောရိုးတစ်လျှောက်က အာရုံကြောဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားတွေတဖြည်းဖြည်း လျော့ကျလာစေတဲ့ Motor Neurone Disease (အာရုံကြောဆဲလ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းအားကျဆင်းခြင်းရောဂါ)ကို ခံစားခဲ့ရပါတယ်။ (၂) နှစ်အကြာမှာ သူက ဒီရောဂါအခြေအနေအကြောင်း အသိပညာမျှဝေတာ၊ ရန်ပုံငွေရှာတာတွေအတွက် “ဗြိတိသျှအင်ပါယာရဲ့ တော်ဝင်အဖွဲ့ဝင်’ (MBE) ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တယ်။

Rob Burrow Leeds Marathon အတွက် ကယ်ဗင်တို့အဖွဲ့ရဲ့ရန်ပုံငွေရှာဖွေရေးကြိုးပမ်းမှုက ပရဟိတများစွာအတွက် ပေါင် ၃ သန်းကျော် ရရှိစေခဲ့ပါတယ်။ ကယ်ဗင်က ရော့ဘ် ရောဂါဖြစ်ပြီးတဲ့နောက်မှာ ရန်ပုံငွေစပြီးရှာခဲ့တာပါ။ ၂၀၂၀ ခုနှစ်က သူဟာ တစ်ပတ်အတွင်း မာရသွန် ၇ ခုပြေးခဲ့ပြီး ရန်ပုံငွေ သန်းချီရှာနိုင်ခဲ့ပါတယ်။

Ref: Incredible moment man carries his former rugby teammate over the finish line at Leeds marathon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top