3.1.24-yyl-1.jpg

မိနစ်ပိုင်းပဲ ခြားပေမဲ့ မွေးနှစ်၊ မွေးလမတူခဲ့တဲ့ အမြွှာညီအစ်ကို ၂ ဦး

အမြွှာညီအစ်ကို ၂ ဦးဟာ မိနစ်ပိုင်းပဲ ခြားပြီး မွေးဖွားလာပေမဲ့ မွေးနှစ်၊ မွေးလ မတူညီခဲ့ပါဘူး။ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ ဟမ်ဖရေးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်မှာ မီးဖွားလိမ့်မယ်လို့ ဆရာဝန်တွေက သတ်မှတ်ပေးထားတာပါ။ ဒါပေမဲ့…

2.1.24-yyl-5.jpg

နှစ်သစ်ကူးနေ့ အင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံမှာ အနည်းဆုံး လူ ၃၀ သေဆုံး

နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ် ငလျင်ကြောင့် ဂျပန်နိုင်ငံမှာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ အချိန်လု ကြိုးပမ်းနေရပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့ အီရှီကာဝါစီရင်စုမှာ အနည်းဆုံး လူ…

2.1.24-yyl-4.jpg

အခမဲ့စီးနင်းလို့ရတဲ့ ဘတ်စ်ကားလက်မှတ်ကို အသုံးပြုပြီး မြို့တွေအနှံ့ အမှိုက်လိုက်ကောက်တဲ့ အငြိမ်းစားကျောင်းဆရာမ

အငြိမ်းစားကျောင်းဆရာမတစ်ဦးဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် ရုသ် မေဂျာဆိုသူက သူ ရရှိထားတဲ့ အခမဲ့စီးနင်းလို့ရတဲ့ ဘတ်စ်ကားလက်မှတ်ကို အသုံးပြုပြီးတော့ အင်္ဂလန်အနှံ့သွားလာကာ အမှိုက်ကောက်ပေးနေပါတယ်။ Redruthမှာ နေထိုင်တဲ့ ရုသ်ဟာ ပြင်သစ်မှာ နေ့တိုင်း အမှိုက်တစ်စကောက်တဲ့ ကမ်ပိန်းကိုတွေ့ပြီး…

2.1.24-yyl-၃.jpg

သူငယ်ချင်းဆီက ခရစ္စမတ်လက်ဆောင်အဖြစ်ရတဲ့ ထီလက်မှတ်နဲ့ ဒေါ်လာ ၃၀၀၀၀ ထီဆုပေါက်ခဲ့တဲ့ အမျိုးသား

မေရီလန်းပြည်နယ်က ဂရန့် ဂျွန်ဆန်ဆိုတဲ့ အမျိုးသားကတော့ သူ့သူငယ်ချင်း အန်ဒရာ ကာဟေးလ်ဆီက ခရစ္စမတ်လက်ဆောင်အဖြစ်ရတဲ့ ၃ ဒေါ်လာတန် Peppermint Payout Multiplier ခဲခြစ်ထီလက်မှတ်ကနေ ဒေါ်လာ ၃၀၀၀၀ ထီဆုပေါက်ခဲ့ပါတယ်။ အခန်းဖော်ဖြစ်ခဲ့ကြတဲ့ ဂရန့်နဲ့ အန်ဒရာတွေက…

2.1.24-yyl-2.jpg

စားသုံးသူမျှော်နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်တစ်ခုကြောင့် ရောင်းအားသိသိသာသာ တက်လာတဲ့ ဟော့ဒေါ့ဆိုင်

ဆိုင်ပေါက်ဝကနေ စားသုံးသူမျှော်နေတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဟော့ဒေါ့ဆိုင်တစ်ဆိုင်ရဲ့ ရောင်းအားက သိသိသာသာ မြင့်တက်သွားခဲ့ပါတယ်။ စကော့ဟိုဆက်ဟာ အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမားပြည်နယ်၊ နော်မန်မြို့မှာ Spirals: Hot Dogs & More ဆိုင် ဖွင့်ထားသူပါ။ ဒါပေမဲ့ သူ့ဆိုင်က…

31.12.23-yyl-8.jpg

ဂျပန်နိုင်ငံမှာ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။ အဆောက်အအုံ ပြိုကျပျက်စီးမှု အကြောင်းကြားချက် အနည်းဆုံး ၃၀ အထိ ရရှိခဲ့တယ်လို့ ဝါဂျီမာမြို့ မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းတွေမှာ…

31.12.23-yyl-7.jpg

နှစ်သစ်မှာ ရက်ရက်ရောရောလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မင်းသား ကင်ဝူဘင်

တောင်ကိုရီးယားမင်းသားချောကင်ဝူဘင်ကတော့ ပရဟိတအလှူနဲ့ နှစ်သစ်ကို အဓိပ္ပာယ်ရှိစွာ ကြိုဆိုလိုက်ပါတယ်။ မင်းသားကင်ဝူဘင်က ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအတွက် ကုသမှုကုန်ကျစရိတ် ထောက်ပံ့ဖို့ ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ Seoul Asan Hospital က ဇန်နဝါရီ ၁…

31.12.23-yyl-1.jpg

တောင်ကိုရီးယားဆီလီကွန်ပညာရှင်ရဲ့ သက်ရှိအလား ထင်ယောင်မှားရတဲ့ အံ့မခန်းလက်ရာများ

တောင်ကိုရီးယား ဆီလီကွန်ရုပ်တုပညာရှင် ပက်ခ်ယောင်ဂျေးရဲ့ လက်ရာတွေကတော့ သက်ရှိအလား ထင်ယောင်မှားရတဲ့အထိ အံ့မခန်းပါပဲ။ ဆံချည်မျှင် တစ်ချောင်းချင်းစီတောင် မြင်ရတဲ့အထိ အနုစိတ်လွန်းတဲ့ သူ့ရဲ့လက်ရာတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ အားပေးသူ အများအပြား ပိုင်ဆိုင်ထားသူပါ။ ပက်ခ်ယောင်ဂျေးက ရိုမီယိုနဲ့ ဂျူးလီးယက် ဇာတ်ကားထဲက…

29.12.23-yyl-5.jpg

ရထားကြိတ်ခံရလုဆဲဆဲမှာ မိခင်က သားသမီးနှစ်ဦးကို သူ့ခန္ဓာကိုယ်နဲ့အုပ်မိုးပြီး လူသားဒိုင်းကာအဖြစ် ကာကွယ်ပေးခဲ့

ရထားလမ်းပေါ် ပြုတ်ကျသွားပြီး ရထားကြိတ်ခံရလုဆဲဆဲမှာ အိန္ဒိယအမျိုးသမီးက သူ့ခန္ဓာကိုယ်ကို သားသမီးနှစ်ယောက်ပေါ်မှာ အုပ်မိုးပြီး လူသားဒိုင်းကာတစ်ခုလို ကာကွယ်ပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်က အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ သူတို့မိသားစုဟာ နယူးဒေလီမြို့ကို သွားမယ့်…

29.12.23-yyl-4.jpg

ရေနစ်နေတဲ့ ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့သူ ဂုဏ်သတင်းကြီးမားတဲ့ ကာနက်ဂျီဆု ရရှိ

ရေနစ်နေတဲ့ ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့တဲ့ အမျိုးသားဟာ မြောက်အမေရိကတိုက်မှာ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ကာနက်ဂျီဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဆီယက်တယ်မြို့မှာ နေထိုင်တဲ့ ဘင်ဂျမင်ရမ်ဆေးဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဂရင်းရေကန်ရဲ့ တံတားတစ်ခုပေါ်…