16-2-2022-yyl3.jpg

ဒေါင်းဆင်ဒရုန်း ရှိနေပေမဲ့ ကွတ်ကီးမုန့်ကုမ္ပဏီကို အောင်မြင်စွာ ဦးစီးနေသူ

အထက်တန်းကျောင်းမှာ ​ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ကော်လက်တီ ဒီဗစ်တို (Collette Divitto) တစ်ယောက် အနိုင်ကျင့်ခံခဲ့ရတယ်။ ကော်လိပ်ပြီးတော့လည်း အလုပ်တစ်ခုရဖို့ ခက်ခဲခဲ့တယ်။ ဒါပေမဲ့ ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရင်း ကော်လက်တီဟာ သူ့ကို ပျော်ရွင်စေတဲ့အရာတစ်ခုရှာတွေ့ခဲ့တယ်။ အဲဒါက မုန့်ဖုတ်တာပါပဲ။ ကော်လက်တီက သူ့ကို…

16-2-2022-yyl2.jpg

ကပ်ဘေးကာလမှာ ကျောမွဲတွေ ပိုဆင်းရဲပြီး အချမ်းသာဆုံးပုဂ္ဂိုလ်တွေ ၂ ဆ ပိုချမ်းသာလာလို့ ဆို

ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးသူ ပိုများလာခဲ့ပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကတော့ အရင်ကထက် ၂ ဆ ပိုချမ်းသာလာခဲ့တယ်လို့ Oxfam ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ ဝင်ငွေနည်းပါးမှုကြောင့် နေ့စဉ်နေ့တိုင်း လူ ၂၁၀၀၀ သေဆုံးနေရတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။…

16-2-2022-yyl1.jpg

ယူကရိန်းကို ကျူးကျော်နိုင်မယ့် အကြောင်းပြချက်ရှာဖို့ ရုရှား ပုံမှားရိုက်လိမ့်မယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဆို

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်မယ့် အကြောင်းပြချက်ရှာဖို့ ရုရှားနိုင်ငံက ကျူးကျော်ရန်စမှုတွေ စီစဉ်နေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်းက တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲနိုင်ဖို့အတွက် ရုရှားအေးဂျင့်တွေက ပုံမှားရိုက်မယ့် စစ်ဆင်ရေးတစ်ရပ် စီစဉ်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက…

15-2-2022-yyl8.jpg

၁၀ နှစ်အရွယ်မှာ ကုမ္ပဏီ ၂ ခုပိုင်တဲ့ သြစတြေးလျကျောင်းသူလေး

သြစတြေးလျနိုင်ငံက မူလတန်းကျောင်းသူလေးဟာ ၁၀ နှစ်သမီးအရွယ်မှာတင် ကုမ္ပဏီ ၂ ခု ပိုင်ဆိုင်ထားပြီး အသက် ၁၅ နှစ်ကျရင် သန်းကြွယ်သူဋ္ဌေးဘဝနဲ့ အနားယူနိုင်ဖို့ ရှိနေပါတယ်။ ပစ်ဇီကာတစ်ဟာ သူ့မိခင် ဂျာဆန်ကိုရဲ့ အကူအညီနဲ့အတူ Pixie’s Fidgets…

letter.jpg

၇၆ နှစ်အကြာမှ မိသားစုထံရောက်ရှိလာခဲ့တဲ့ အမေရိကန်စစ်သားတစ်ဉီးရဲ့စာတစ်စောင်

ပြီးခဲ့တဲ့လက အိန်ဂျယ်လီနာ ကွန်ဆယ်ဗီစ် (Angelina Gonsalves) ဆိုတဲ့ အမျိုးသမီးဟာ အမေရိကန်စာပို့လုပ်ငန်းကနေ မမျှော်လင့်ထားတဲ့ပါဆယ်ထုတ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ ၁၉၄၅ ခုနှစ်က သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း နိုင်ငံရပ်ခြားမှာ တပ်ဖြန့်ထားစဉ် သူ့ရဲ့မိခင်ဆီ ရေးခဲ့တဲ့ စာတစ်စောင်ပါ။  အဲဒီစာကို…

14-2-2022-yyl4.jpg

ဇနီးသည် ကိုယ်ဝန်ဆောင်နိုင်ဖို့ အမြတ်တနိုး စုဆောင်းထားတဲ့အရာကို ထုတ်ရောင်းပေးခဲ့သူ

အမျိုးသားတစ်ဦးဟာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ရင်သွေးယူနိုင်ဖို့အတွက် သူစုဆောင်းထားတဲ့ တန်ဖိုးကြီးဖိနပ်တွေကို ရောင်းချပစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်မှာ နေထိုင်တဲ့ လောရင်နဲ့ အီးဂျေဝန်းတို့ဟာ ကလေးရဖို့ ၅ နှစ်ကြာ ကြိုးပမ်းခဲ့ပြီး ခွဲစိတ်မှု ၁၁ ကြိမ်တိုင်တိုင် လုပ်ခဲ့ပေမဲ့ ကလေး…

14-2-2022-yyl5-1.jpg

N95 နှာခေါင်းစည်းကို ပြန်သုံးလို့ရသလား

N95 နှာခေါင်းစည်းတွေက တစ်ခါသုံးဆိုပေမဲ့ ပြန်သုံးလို့ ရပါတယ်။ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းဖြစ်လို့ တစ်ခါသုံးလို့ သတ်မှတ်ထားပေမဲ့ စနစ်တကျ ကိုင်တွယ်ရင် ပြန်သုံးနိုင်ပါတယ်။ အနည်းဆုံး ၃၊ ၄ ရက် ပြန်သုံးလို့ ရတယ်။ တချို့ဆို တစ်ပတ်လောက်အထိတောင်…

14-2-2022-yyl3.jpg

တရုတ်အစိုးရအေးဂျင့်က ဗြိတိန်နိုင်ငံရေးလုပ်ငန်းစဉ်ကို စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ MI5 သတိပေး

တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတဲ့ အမျိုးသမီးတစ်ယောက်က ဗြိတိန်နိုင်ငံရေးလုပ်ငန်းစဉ်ကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ (MI5) က ဗြိတိန်လွှတ်တော်အမတ်တွေကို သတိပေးခဲ့ပါတယ်။ ခရစ္စတင်းချင်ကွေ့လီလို့ အမည်ရတဲ့ အမျိုးသမီးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ United Front Work Department (UFWD)…

14-2-2022-yyl1.jpg

ဘယ်အခြေအနေအတွက်မဆို အသင့်ပြင်ထားတယ်လို့ ရုရှားကို ဗီတာလီကလစ်ရှ်ကို သတိပေး

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည်တွေ တပ်စွဲထားတာနဲ့ပတ်သက်ပြီး ” ဘယ်အခြေအနေမျိုးအတွက်မဆို အသင့်ပြင်ထားတယ်” လို့ ဟဲဗီးဝိတ်လက်ဝှေ့သမားဟောင်း ဗီတာလီကလစ်ရှ်ကိုက ရုရှားနိုင်ငံကို သတိပေးခဲ့ပါတယ်။ ရုရှား – ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၁၀၀,၀၀၀ စေလွှတ်ထားလို့ ပြီးခဲ့တဲ့လပိုင်းအတွင်း တင်းမာမှုတွေ ရှိနေပါတယ်။…

14-2-2022-yyl6.jpg

ဒဏ်ရိုက်မယ်လို့ ကြေညာပြီးနောက် ကနေဒါမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ စာရင်းပေးသွင်းသူ မြင့်တက်

ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးသူတွေကို ဒဏ်ရိုက်မယ်လို့ ကြေညာခဲ့ပြီး တစ်ရက်အကြာမှာပဲ ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်မှာ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံဖို့ စာရင်းပေးသွင်းမှု တစ်ဟုန်ထိုးမြင့်တက်လာခဲ့တယ်လို့ ကူဘတ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဒူဘီက ပြောပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံဖို့…