17-8-2020-yyl-009.jpg

၁၃ နှစ်အရွယ် အိန္ဒိယ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

အိန္ဒိယနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်အတွက် အိမ်နီးနားချင်း ၂ ယောက်ကို ဖမ်းဆီးထားပါတယ်။ မိန်းကလေးရဲ့ ရုပ်အလောင်းကို အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်ရဲ့ ကြံခင်းထဲကနေ တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ သမီးဖြစ်သူဟာ မျက်လုံးဖောက်ထုတ်ပြီး…

14-8-2020-yyl-024.jpg

ဒေါ်နယ်ထရမ့်ရဲ့ စေ့စပ်ညှိနှိုင်းမှုအရ အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား သမိုင်းဝင် သဘောတူစာချုပ်ချုပ်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့ သမိုင်းဝင် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါပြီ။ အဲဒီစာချုပ်အရ သိမ်းပိုက်ခံအနောက်ကမ်းပါး တစ်စိတ်တစ်ဒေသမှာ သူတို့ရဲ့အချုပ်အခြာအာဏာ သက်ရောက်ရေး ကြိုးပမ်းမှုကို အစ္စရေးနိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ…

14-8-2020-yyl-017.jpg

ကိုဗစ်လူနာသစ် ၂၉ ယောက်တွေ့ရှိခဲ့တဲ့ နယူးဇီလန်မှာ ကန့်သတ်မှုကို ၁၂ ရက်ကြာ တိုးမြှင့်

နယူးဇီလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရခဲ့ပြီး (၁၀၂)ရက်တိုင်တိုင် ပြည်တွင်းကူးစက်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က အုတ်ကလန်မြို့မှာ နေထိုင်တဲ့ မိသားစု(၄)ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူတို့(၄)ယောက်ဟာ မကြာသေးခင်အချိန်အတွင်း ပြည်ပခရီးသွားရာဇဝင်မရှိပါဘူး။ လူဦးရေ ၁.၅ သန်းရှိတဲ့…

14-8-2020-yyl-015.jpg

လေဆိပ်မှာ ခရီးသည်တွေ တရားမဝင် သယ်လာတဲ့ငွေတွေကို အနံ့ခံကောင်းတဲ့ ခွေးလေးကဖော်ထုတ်

အနံ့ခံကောင်းတဲ့ ခွေးတစ်ကောင်က ဖရန့်ဖတ်လေဆိပ်မှာ ခရီးသည်တွေ တရားဝင်မဖော်ပြဘဲ သယ်လာတဲ့ ယူရိုငွေ ၂၄၇,၂၈၀ ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အက်ကီလို့ အမည်ပေးထားတဲ့ ဂျာမန်သိုးထိန်းခွေးဟာ ပြီးခဲ့တဲ့ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လ အစောပိုင်းကာလမှာ လူ ၁၂ ယောက် လျှို့ဝှက်သယ်လာတဲ့…

14-8-2020-yyl-008.jpg

ကိုဗစ်သေဆုံးသူဦးရေနဲ့အညီ စက္ကူကြိုးကြာရုပ်တွေ ဖန်တီးခဲ့တဲ့ ပန်းချီပညာရှင်

လော့စ်အိန်ဂျယ်လိစ်မြို့က ပန်းချီပညာရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကာလာ ဖန်ဒါဘက်ခ် (Karla Funderburk) ဟာ အမေရိကနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးခဲ့ရတဲ့ လူထောင်ပေါင်းများစွာကို အောက်မေ့သတိရတဲ့အနေနဲ့ စက္ကူကြိုးကြာရုပ်တွေ ဖန်တီးကာ သူ့အနုပညာပြန်ခန်းမှာ ချိတ်ဆွဲခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၃) လကျော်ကတည်းက…

14-8-2020-yyl-014.jpg

ကိုဗစ်ရောဂါရှိ၊မရှိ တစ်စက္ကန့်အတွင်း ဆုံးဖြတ်နိုင်မယ့် နည်းလမ်းကို အစ္စရေးနိုင်ငံ စမ်းသပ်နေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ တစ်စက္ကန့်အတွင်း ဆုံးဖြတ်ပေးနိုင်မယ့် တံတွေး(သလိပ်)စမ်းသပ်မှုကို စမ်းသပ်နေတယ်လို့ အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံး ကျန်းမာရေးစင်တာက ပြောပါတယ်။ လူနာတွေက ဆားရည်နဲ့ ပလုပ်ကျင်းပြီး ခွက်ထဲကို တံတွေးထွေးရမှာပါ။ အဲဒီနောက်မှာ ရောင်စဉ်လှိုင်းတိုင်းတာရေးကိရိယာငယ် အသုံးပြုပြီး…

14-8-2020-yyl-004.jpg

လွန်ခဲ့တဲ့ (၁၄) နှစ်က ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ပြီးခဲ့တဲ့လကမှ ပြန်တွေ့ခဲ့တဲ့အမျိုးသား တစ်ဦး

လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ပျောက်သွားခဲ့တဲ့အရာတစ်ခုကို မကြာသေးခင်ကမှ ပြန်တွေ့ခဲ့မယ်ဆိုရင် သင် ဘယ်လိုဖြစ်သွားမလဲ။ အိန္ဒိယနိုင်ငံက အသက် (၄၂) နှစ်အရွယ် ဟာမတ် ပါဒယ်ကာ (Hermant Padalkar) ဆိုတဲ့အမျိုးသားဟာ လွန်ခဲ့တဲ့ (၁၄) နှစ်က ပိုက်ဆံအိတ်ပျောက်သွားတယ်လို့ သူ…

14-8-2020-yyl-003.jpg

ဘေရွတ်မြို့ပေါက်ကွဲမှုမှာ ပျက်စီးခဲ့တဲ့ စားသောက်ဆိုင်အတွက် ငွေလှူခဲ့တဲ့ရပ်ဆဲလ်ခရိုး

တုန်လှုပ်ချောက်ချားစရာ ဘေရွတ်မြို့ပေါက်ကွဲမှုကြောင့် ပြိုလဲ၊ ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေထဲမှာ နာမည်ကျော်စားသောက်ဆိုင်တစ်ဆိုင်လည်း ပါဝင်နေပါတယ်။ Le Chef စားသောက်ဆိုင်က ပေါက်ကွဲမှုဖြစ်ပွားရာနေရာနဲ့ အနီးဆုံးခရိုင်မှာ တည်ရှိတာပါ။ Le Chef စားသောက်ဆိုင်ကို ပြင်ဆင်တည်ဆောက်ဖို့အတွက် ရုပ်ရှင်ဒါရိုက်တာ အက်မန်ဒါဘိုင်လီနဲ့ ဂျာနယ်လစ်…

13-8-2020-yyl-021.jpg

အစားအစာလေလွင့်မှု လျှော့ချဖို့ တရုတ်နိုင်ငံမှာ ပန်းကန်ပြောင်အောင် စားရေး လှုပ်ရှားမှုစတင်

တရုတ်နိုင်ငံရဲ့ အစားအစာ လေလွင့်မှုပမာဏက တုန်လှုပ်ချောက်ချားစရာ ကောင်းတယ်လို့ သမ္မတ ရှီကျင့်ဖျင်က မှတ်ချက်ပေးခဲ့ပြီးနောက်မှာတော့ တရုတ်အစိုးရက အစားအစာ လေလွင့်မှုလျှော့ချရေး စည်းမျဉ်းတွေကို တိုးမြှင့်ဆောင်ရွက်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အစားအစာလေလွင့်မှုအပေါ် အချက်ပေးခေါင်းလောင်းထိုးလိုက်တာလို့ ရှီကျင့်ဖျင်က ပြောခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ…

13-8-2020-yyl-013.jpg

ငါးပြတိုက်တစ်ခုက တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ဆုတောင်း ဒင်္ဂါးငွေတွေကို အသုံးပြုနေရ

ဆုတောင်းတဲ့အနေနဲ့ ရေတံခွန်ထဲပစ်ရတဲ့ ဒင်္ဂါးပြားတွေက အခုလိုငွေရေးကြေးရေး ခက်ခဲနေတဲ့ကာလမှာ ငါးပြတိုက်တစ်ခုအတွက် အရမ်းအသုံးဝင်ခဲ့ပါတယ်။ ပြတိုက်က တိရစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် အဲဒီဒင်္ဂါးတွေက မျှော်လင့်ချက်ရောင်ခြည်ပါပဲ။ The North Carolina Aquarium က ဒင်္ဂါးပြားတွေကို ငွေသားအနေနဲ့ ပြောင်းလဲနေတယ်လို့…