15-5-2020-yyl-028.jpg

အသက် ၁၀၈ နှစ်အရွယ် အဘွားအိုတစ်ဦး COVID-19 ရောဂါကနေ ပြန်သက်သာလာ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၀၈ နှစ်အရွယ် အဘွားအို ဂိုးရှိုးဟာ ၁၉၁၈ ခုနှစ် တုပ်ကွေးကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကိုလည်း အောင်နိုင်ခဲ့ပါပြီ။ နယူးဂျာစီပြည်နယ်၊ အလင်ဒဲလ်မြို့ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်တဲ့ ဂိုးရှိုးဟာ…

15-5-2020-yyl-027.jpg

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျောက်ဆောင်အိမ်တွေပေါ်မှာ နေထိုင်သူတွေကို မြို့ပြအိမ်ရာတွေဆီ ရွှေ့ပြောင်းပေး

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ မီတာ ၈၀၀ ကျောက်ဆောင်အိမ်တွေလို့ ခေါ်ကြတဲ့ တောင်ပေါ်အိမ်တွေ ရှိပါတယ်။ အရင်တုန်းကတော့ အတူလီရာရွာမှာ နေထိုင်တဲ့ လူကြီး၊ လူငယ်တွေဟာ ကျောက်ဆောင်ဘေး ပန်းဖောက်ထားတဲ့ အုန်းဆံလှေကားကို ခဲရာခဲဆစ် တွယ်တက်ပြီး အသွား၊ အလာလုပ်ရပါတယ်။…

15-5-2020-yyl-012.jpg

နယူးယောက်က ကလေးတွေမှာ တွေ့ရတဲ့ COVID-19 ရဲ့ထူးခြားတဲ့လက္ခဏာရပ်သစ်တွေကို ဆရာဝန်တွေအသိပေး

COVID-19 ကူးစက်ခံရတဲ့ကလေးတွေမှာ ထူးခြားတဲ့ကျန်းမာရေးအခြေအနေတွေကို မိဘတွေ၊ ဆေးရုံ၊ ဆေးခန်းတွေက မြင်တွေ့ရဖို့မျှော်လင့်ရတယ်လို့ ဆရာဝန်တွေက အသိပေးပြောကြားခဲ့ပါတယ်။ ကလေးတွေမှာတွေ့နေရတဲ့ ကျန်းမာရေးအခြေအနေက multisystem inflammatory syndrome ရောဂါအမျိုးအစားဖြစ်တယ်လို့ ဘောစတွန်ကလေးဆေးရုံရဲ့ဆရာဝန်ဂျက်ဖရီ ဘန်က ပြောပါတယ်။ နယူးယောက်မြို့က အနည်းဆုံးကလေး…

15-5-2020-yyl-006.jpg

COVID-19 ကပ်ရောဂါကြောင့် ကနေဒါနိုင်ငံမှာ ဝါးပင်တွေပြတ်လတ်လို့ ပန်ဒါဝက်ဝံတွေကို တရုတ်နိုင်ငံ ပြန်ပို့တော့မယ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကနေဒါနိုင်ငံကို တရုတ်နိုင်ငံကနေ ဝါးပင်လုံလုံလောက်လောက်မတင်ပို့နိုင်တဲ့အတွက် Calgary Zoo က ပန်ဒါဝက်ဝံကြီးနှစ်ကောင်ကို စာချုပ်နှစ်မပြည့်မီ တရုတ်နိုင်ငံကို ပြန်ပို့ရတော့မှာဖြစ်ပါတယ်။ အာရှန်နဲ့ ဒါမြောင် ဆိုတဲ့ ပန်ဒါဝက်ဝံနှစ်ကောင်ဟာ Toronto Zoo မှာ (၅) နှစ်တာနေထိုင်ခဲ့ပြီးတဲ့နောက်…

15-5-2020-yyl-003.jpg

အမေရိကန်နိုင်ငံသား ၄ ယောက်မှာ ၁ ယောက်က အလုပ်လက်မဲ့ဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားရေး ထိခိုက်ခဲ့လို့ ပြီးခဲ့တဲ့တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားတဲ့ အမေရိကန်နိုင်ငံသား ၃ သန်းနီးပါးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လလယ်နောက်ပိုင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃၆ သန်းကျော်ရှိလာခဲ့ပါပြီ။ အဲဒီပမာဏဟာ အမေရိကန်အလုပ်သမားအင်အားစုရဲ့ ၄ ပုံ၊…

15-5-2020-yyl-002.jpg

ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာမှုကို ပြန်လည်ရုပ်သိမ်း

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု သိသိသာသာ ကျဆင်းလာတဲ့အတွက် စီရင်စု ၄၇ ခုရှိတဲ့အနက် ၃၉ ခုမှာ ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း ရောဂါကူးစက်မှုသစ်တွေ ဖြစ်နေသေးတဲ့ တိုကျိုမြို့၊ အိုဆာကာမြို့နဲ့ ဟော့ကိုင်းဒိုးကျွန်းတွေမှာတော့…

15-5-2020-yyl-001.jpg

အိန္ဒိယနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သား သန်း ၈၀ အတွက် နှစ်လစာ စားနပ်ရိက္ခာတွေ ဝေငှပေးမယ်

COVID-19 ပိတ်ဆို့မှုတွေရဲ့ ရိုက်ခတ်မှုကို တွန်းလှန်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၆၆ ဘီလျံ တန်ကြေးရှိတဲ့ စီးပွားရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို နှစ်လတာအတွက် အစားအစာတွေ အခမဲ့ပေးဝေသွားမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သား သန်း ၈၀ အတွက် အမေရိကန်ဒေါ်လာ…

14-5-2020-yyl-021.jpg

ပိုက်ထည့်ပြီး အချိုရည်သောက်လို့ရနိုင်မယ့် ပါးစပ်နဲ့ နှာခေါင်းစည်းကို ဒီဇိုင်နာတစ်ဦး ဖန်တီး

နယူးအော်လင်းစ်မြို့က အမျိုးသမီးတစ်ဦးဟာ ပိုက်နဲ့ အအေး၊ ရေတို့ကို သောက်လို့ရဖို့အတွက် သီးသန့်ဒီဇိုင်းထွင်ထားတဲ့ အပေါက်တစ်ပေါက်နဲ့ ပါးစပ်နှာခေါင်းစည်းဖန်တီးလိုက်ပါပြီ။ အဲဒီအမျိုးသမီးက အယ်လန် မာကွန်ဘာဆိုသူ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ သူက သေးငယ်တဲ့အပေါက်တစ်ခုပါတဲ့ ထူးခြားဒီဇိုင်းနဲ့ Mask တွေ တော်တော်များများကို ဒီဇိုင်းထွင်ထုတ်လုပ်ခဲ့ပါတယ်။…

14-5-2020-yyl-015.jpg

စီးရီးအေပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှာ ပြန်လည်စတင်ဖို့ ကလပ်အသင်းတွေ မဲပေး

စီးရီးအေပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှာ ပြန်လည်စတင်ဖို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ စီးရီးအေကလပ်တွေက မဲပေးခဲ့ကြပြီး အစိုးရရဲ့အတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေပါတယ်။ ကစားသမားတွေနဲ့ ပါဝင်သူအားလုံးကို ကာကွယ်ပေးနိုင်မယ့် ကျန်းမာရေးလုပ်ထုံးလုပ်နည်းတွေ၊ အစိုးရရဲ့ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမှ စီးရီးအေပြိုင်ပွဲကို ပြန်လည်စတင်မယ်လို့ စီးရီးအေဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။…

14-5-2020-yyl-014.jpg

ရုရှားဟက်ကာတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နာကျင်ခဲ့ရတယ်လို့ ဂျာမနီဝန်ကြီးချုပ် ပြော

ရုရှားစစ်တပ်ရဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ(GRU) ဖြစ်ဖွယ်ရှိတဲ့ ဟက်ကာတွေက သူ့ကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က အတည်ပြုပါတယ်။ ၂၀၁၅ ခုနှစ်က ဆိုက်ဘာတိုက်ခိုက်မှုမှာ သူ့ရဲ့မဲဆန္ဒနယ်ရုံးက အီးမေးလ်တွေကို GRU က ရရှိသွားတယ်ဆိုတဲ့ ဂျာမန်မဂ္ဂဇင်းတစ်စောင်ရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး လွှတ်တော်မှာ…