သာမန်လူတွေထက် သရက်ရွက်ပိုကြီးတဲ့ ပင်လယ်ပျော် ဘာဂျိုးမျိုးနွယ်

4-7-2022-11.jpg

ပင်လယ်ပျော် ဘာဂျိုး(Bajau)မျိုးနွယ်ဝင်တွေဟာ ရေငုပ်ကိရိယာမပါဘဲ ရေအောက်အနက် ပေ ၂၀၀ ဝန်းကျင်မှာ ၁၃ မိနစ်ကြာ ရေငုပ်နိုင်စွမ်း ရှိကြပါတယ်။ ဆလုံမျိုးနွယ်တွေလိုပဲ အာရှရဲ့ ပင်လယ်ပျော်တွေဖြစ်တဲ့ ဘာဂျိုးမျိုးနွယ်တွေဟာ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားရေပိုင်နက်တွေမှာ နေထိုင်ကြလေ့ရှိပါတယ်။

ရေငုပ်ပြီး ငါးရှာလေ့ရှိတဲ့ ဘာဂျိုးမျိုးနွယ်တွေရဲ့ ခန္ဓာကိုယ်ထဲက သရက်ရွက် (Spleen)ဟာ ကုန်းပေါ်မှာ အခြေချနေထိုင်သူတွေထက် ၅၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဒါ့အပြင် အချိန်ကြာကြာ ရေငုပ်နိုင်အောင် အထောက်အပံ့ပေးတဲ့ မျိုးဗီဇပြောင်းလဲမှုတွေလည်း တွေ့ရှိရတယ်လို့ ဘာဂျိုးမျိုးနွယ်ဝင်တွေရဲ့ သွေးနမူနာကို ရယူကာ သုတေသနလုပ်ခဲ့တဲ့ ဒိန်းမတ်သုတေသီ မီလစ်ဆာက ပြောပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top