အလက်စကာပြည်နယ်မှာ စိုက်ပျိုးတဲ့ သီးနှံတွေကတော့ မယုံနိုင်ဖွယ် ကြီးမားကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ရွှေဖရုံသီးက ပေါင်ချိန် ၁၇၀၀ ရှိပါတယ်။ အလက်စကာပြည်နယ်မှာ စိုက်ပျိုးဖြစ်ထွန်းခဲ့တာပါ။ အလက်စကာပြည်နယ်ထွက် ဂေါ်ဖီထုပ်က ပေါင် ၁၃၀၊ သခွားသီးတစ်လုံးက ၆၅ ပေါင်၊ အာလူးတစ်လုံးက ပေါင် ၅၀ အထိ ကြီးထွားပါတယ်။
အလက်စကာပြည်နယ်မှာ နွေရာသီဆိုရင် နာရီ ၂၀ လောက် နေရောင်ရရှိပါတယ်။ (အလက်စကာပြည်နယ်ရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့ ဘာရိုးရွာဆိုရင် အာတိတ်စက်ဝိုင်းအပေါ်ဘက်မှာရှိလို့ ၈၄ ရက်တိုင်တိုင် နေမဝင်ပါဘူး။ အန်ခေါရေ့ မြို့ဆိုရင် ည ၁၀း၄၂ မိနစ်လောက်မှ နေဝင်ပါတယ်)။ နေရောင်ခြည် ပိုမိုရရှိလို့ အလင်းမှီ အစာချက်လုပ်မှု ပိုမိုအားကောင်းပြီး သီးနှံတွေ ပိုမိုကြီးထွားကြတာပါ။ နေရောင်ပိုရလို့ သီးနှံတွေ ပိုချိုတယ်လို့လည်း ဆိုပါတယ်။
NZ (ရိုးရာလေး)