ဒေါ့မွန်နဲ့ မိုချန်ဂလက်ဘတ်ပွဲကို ပရိသတ် ၁၀၀၀၀ ကွင်းထဲလာကြည့်ခွင့်ရမယ်

16-9-2020-yyl-022.jpg

လာမယ့်စနေနေ့ညကျရင် မိုချန်ဂလက်ဘတ်နဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါအဖွင့် အိမ်ကွင်းပွဲစဉ်မှာ ဒေါ့မွန်အသင်းက ပရိသတ် ၁၀၀၀၀ ကို လာရောက်ကြည့်ရှုခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ရာသီရဲ့ လက်ကျန်ပွဲစဉ်တွေကို ကွင်းပိတ်စနစ်နဲ့ ကစားခဲ့ရပေမဲ့ ဒီရာသီမှာတော့ ပရိသတ်တွေ ကွင်းထဲ ပြန်လာနိုင်အောင် စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ သန့်ရှင်းရေးစည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ပြီး အရက်သောက်စားခွင့် ပိတ်ပင်ကာ ဝင်ဆံ့ပရိသတ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ကွင်းထဲ လာရောက်ကြည့်ရှုခွင့်ပေးဖို့ ရှိနေပါတယ်။

ဒါပေမဲ့ အဝေးကွင်းအသင်းရဲ့ ပရိသတ်တွေကိုတော့ လာရောက်ကြည့်ရှုခွင့် မပြုပါဘူး။ တကယ်လို့ ဘောလုံးပွဲမတိုင်ခင် ၇ ရက်တာကာလအတွင်း အိမ်ရှင်အသင်း အခြေစိုက်တဲ့မြို့မှာ ရောဂါကူးစက်မှုနှုန်း မြင့်မားနေရင်တော့ အဲဒီပွဲစဉ်ကို ကွင်းပိတ်စနစ်နဲ့ ကစားမှာပါ။ ဘွန်ဒက်စ်လီဂါရာသီသစ်ကို လာမယ့်သောကြာနေ့ညမှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top