APPLE ရဲ့စီအီးအို နှိုင်းယှဉ်သုံးသပ်ပြခဲ့တဲ့ တက္ကသိုလ်ကျောင်းဆင်းနဲ့ စီးပွားရေးနယ်ပယ်အရည်အချင်းကွာဟချက်

53850186_419181902171889_4444535413209563136_n.jpg

ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီ Apple ရဲ့ စီအီးအို တင်မ်ကွတ်ခ် (Tim Cook)က တက္ကသိုလ်ဘွဲ့ရတွေရဲ့ တက္ကသိုလ်ပညာရေးစနစ်မှာ သင်ယူတတ်မြောက်လာတဲ့ အသိပညာနဲ့ တကယ့်လက်တွေ့စီးပွားရေးလုပ်ငန်းခွင်မှာ တောင်းဆိုလာတဲ့ လက်တွေ့လုပ်နိုင်ကိုင်နိုင်စွမ်းအရည်အချင်းဟာ ကွာဟချက်တွေကြီးမားစွာရှိနေကြောင်း ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ အမေရိကန်အလုပ်သမားအင်အားမူဝါဒအကြံပေးရေးဘုတ်အဖွဲ့အစည်းအဝေးမှာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ယမန်နှစ်အတွင်း Apple ကုမ္ပဏီ ရဲ့ အမေရိကန်က ဝန်ထမ်းဦးရေရဲ့တစ်ဝက်နီးပါးဟာ တက္ကသိုလ်ဘွဲ့ရတွေမဟုတ်ကြောင်းလည်း သူက ဖြည့်စွက်သွားခဲ့ပြီး Google ကုမ္ပဏီအပါအဝင် IBM၊ Bank of America နဲ့ Hilton တို့လို ထိပ်တန်း ကုမ္ပဏီတို့ဟာလည်း တချို့သောအလုပ်အကိုင်တွေအတွက် တက္ကသိုလ်ဘွဲ့လက်မှတ်မလိုအပ်ပါဘူး။

ထူးခြားမှတ်သားစရာအနေနဲ့ကတော့ ကွတ်ခ်က တက္ကသိုလ်မှာ သင်ကြားခွင့်မရတဲ့ Coding ရေးနည်းအတတ်ပညာဟာ အနာဂတ်စီးပွားရေးလောကမှာ အဓိကလိုအပ်ချက်ဖြစ်လာမယ်လို့ သုံးသပ်ပြခဲ့တာပါ။

” ကျောင်းမှာသင်ယူခဲ့ရတဲ့အရာတွေက တကယ့်စီးပွားရေးမှာလိုအပ်တဲ့ အရည်အချင်းတွေနဲ့ တခြားစီကိုဖြစ်နေတာကို ကျွန်တော်တို့တွေ့ရတယ်။ ကျွန်တော်တို့ကုမ္ပဏီ်အပါအဝင် အနာဂတ်စီးပွားရေးလောကမှာ ရှေ့လျှောက်တကယ်အရေးကြီးလာမယ့် ပညာကတော့ Coding ရေးခြင်းပဲ ” လို့ သူကဆိုသွားခဲ့ပါတယ်။

အမေရိကန်ကလေးငယ်တိုင်းကို အထက်တန်းမအောင်ခင်အရွယ်အတွင်း Coding အတတ်ပညာကို အရည်အချင်းတစ်ခုအထိ တတ်မြောက်ကျွမ်းကျင်ထားစေလိုပြီး ဒါက ပညာရေးမှာ ဘာသာရပ်တစ်ခုအနေနဲ့ ပါဝင်သင့်ပြီလို့ သူက ယုံကြည်ပါတယ်။

Apple ဟာ ၂၀၁၆ ခုနှစ်က Everyone Can Code ဆိုတဲ့ အစီအစဉ်နဲ့ သူငယ်တန်းကလေးအဆင့်ကနေ တက္ကသိုလ်ကျောင်းသားတွေအထိ သင်ယူလေ့လာနိုင်တဲ့ Coding ရေးသားနည်းသင်ရိုးညွှန်းတမ်းကို ထုတ်ဝေခဲ့ဖူးပြီး အမေရိကန်မှာ ဒီသင်ရိုးညွှန်းတမ်းကို ထည့်သွင်းသင်ကြားနေတဲ့ ကျောင်းပေါင်း (၄၀၀၀) ရှိနေပြီလို့ သိရပါတယ်။ပညာရေးApple ဟာ ၂၀၁၆ ခုနှစ်က Everyone Can Code ဆိုတဲ့ အစီအစဉ်နဲ့ သူငယ်တန်းကလေးအဆင့်ကနေ တက္ကသိုလ်ကျောင်းသားတွေအထိ သင်ယူလေ့လာနိုင်တဲ့ Coding ရေးသားနည်းသင်ရိုးညွှန်းတမ်းကို ထုတ်ဝေခဲ့ဖူးပြီး အမေရိကန်မှာ ဒီသင်ရိုးညွှန်းတမ်းကို ထည့်သွင်းသင်ကြားနေတဲ့ ကျောင်းပေါင်း (၄၀၀၀) ရှိနေပြီလို့ သိရပါတယ်။

Apple ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ဘ်ကိုယ်တိုင်ဟာလည်း ရိဒ်တက္ကသိုလ်ကနေ ကျောင်းထွက်လာခဲ့ပြီးမှ ၁၉၇၆ ခုနှစ်မှာ သူ့ရဲ့ကိုယ်ပိုင်ကားဂိုဒေါင်ထဲမှာ ကုမ္ပဏီကို အစပြုခဲ့ရာကနေ ကမ္ဘာကျော်ခဲ့သူဖြစ်တာကြောင့် ကွတ်ခ်ရဲ့ရပ်တည်ချက်ကတော့ တက္ကသိုလ်ဘွဲ့တစ်ခုရဖို့အတွက် သေသေရှင်ရှင် ကြိုးစားနေစရာတော့ အကြောင်းမရှိဘဲ တကယ်လိုအပ်တဲ့ မိမိနိုင်နင်းအားသန်ရာ အရည်အချင်းအသစ်တွေကိုသာ စစ်စစ်မှန်မှန် သင်ယူလေ့လာဆန်းသစ်သွားသင့်တာဖြစ်ကြောင်း ယူဆလို့ရနိုင်ပါတယ်။

Ref: BusinessInsider ” Apple CEO Tim Cook explains why you don’t need a college degree to be successful “
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top