သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်မှာ ဖက်ဒရာနဲ့ ဂျိုကိုဗစ် တွေ့ဆုံ

yyl-026-16.jpg

သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန် တင်းနစ်ဂန ္ထဝင် ကစားသမား ရော်ဂျာဖက်ဒရာနဲ့ ဆားဗီးယားတင်းနစ်သမား ဂျိုကိုဗစ်တို့ တွေ့ဆုံနေပါတယ်။ ဖက်ဒရာဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ တင်နီဆန်ဂရင်ကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဂျိုကိုဗစ်ကတော့ ရာအိုနစ်ကို အနိုင်ရခဲ့တာပါ။ ဖက်ဒရာဟာ တင်နီဆန်ဂရင်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာ အကြိတ်အနယ်ဖြစ်ခဲ့ပြီး အဆုံးအဖြတ်အမှတ် (၇)မှတ်အထိ ကာကွယ်နိုင်ခဲ့လို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်မှာ ရော်ဂျာဖက်ဒရာနဲ့ ဂျိုကိုဗစ်တို့ တွေ့ဆုံမှုဟာ သူတို့ရဲ့ ကစားသမားဘဝမှာ အကြိမ်(၅၀)မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၄၉)ပွဲမှာ ဖက်ဒရာက (၂၃) ပွဲ အနိုင်ရခဲ့ပြီး ဂျိုကိုဗစ်က (၂၆) ပွဲ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို ဇန်နဝါရီလ ၃၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန်မှာ ကစားမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top