မန္တလေးလေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည့် လေယာဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်

60342889_2383800805189939_9143819883799117824_n.jpg

မြန်မာအမျိုးသား လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ် တစ်စင်းဟာ မေ (၁၂) ရက်တုန်းက မန္တလေးလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီးတဲ့နောက် လေယာဉ်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

လေယာဉ်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေ

”ကျွန်တော်တို့အမြင်အရပြောရရင် လေယာဉ်ကိုရွှေ့ပြောင်းဖို့ ကရိန်းနဲ့ မတဲ့အခါကျတော့ ဘီးကကန့်လန့် ဖြစ်နေတယ်။ ပုံမှန်က vertical ပဲ ရှိရမယ်။ အဲဒါအတွက်ကြောင့်မို့လို့ ထင်တာပါပဲ။ ဒါတွေကလည်း တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ပါမယ်။ ဘယ်နေရာတွေကလိုအပ် တာလဲဆိုတာတွေကို နောက်မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့လုပ်မှာပါ”လို့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောပြခဲ့ပါတယ်။

“နောက်မဖြစ်အောင်ကြိုတင်ကာကွယ်မှာပါ”လို့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ပြော

လက်ရှိမှာ အာမခံကုမ္ပဏီတွေက လေယာဉ်ကိုသွားရောက်ကြည့်ရှုနေပြီး လေယာဉ်ပြင်ဆင် ရေးအဖွဲ့တွေကိုလည်း ခေါ်ယူထားပြီလို့သိရပါတယ်။

မန္တလေးလေဆိပ်ကိုဆင်းသက်ဖို့ပြင်ဆင်တဲ့အခိုက်မှာ လေယာဉ်ရှေ့ဘီးတွေက ပြဿနာရှိနေခဲ့တဲ့အတွက် အရေးပေါ်အနေအထားနဲ့ ဆင်းသက်ခဲ့ရ

မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ Embraer 190၊ XY-AGO လေယာဉ်ဟာ ခရီးစဉ်အမှတ် ယူဘီ (၁၀၃) နဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ (၁၂) ရက်က ပျံသန်းခဲ့တာဖြစ်ပါတယ်။ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ပြင်ဆင်တဲ့အခိုက်မှာ လေယာဉ်ရှေ့ဘီးတွေက ပြဿနာရှိနေခဲ့တဲ့အတွက် အရေးပေါ်အနေအထားနဲ့ ဆင်းသက်ခဲ့ရတာပါ။ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပေမဲ့လည်း ခရီးသည်တွေသာမက လေယာဉ်မှူးအပါအဝင် လေယာဉ် အမှုထမ်းအားလုံးပါ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြပါဘူး။

ခရီးသည်တွေကိုကော လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းအားလုံးကို ကျေးဇူးတင် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ကြောင်း မြန်မာအမျိုးသားလေကြောင်းက သတင်းထုတ်ပြန်

ဒီမတော်တဆဖြစ်စဉ်မှာ ဘေးကင်းနိုင်ဖို့ ညီညီညွတ်ညွတ်ဆောင်ရွက်ခဲ့ကြတဲ့ ခရီးသည်တွေကိုကော လေယာဉ်ရဲ့အရေးပေါ်အခြေအနေမှာ ဆုံးဖြတ်ချက်မှန်ကန်ပြီး ဘေးကင်းအောင်မောင်းနှင်ပေးခဲ့တဲ့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းအားလုံးကို ကျေးဇူးတင် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ကြောင်း မြန်မာအမျိုးသားလေကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခရီးစဉ်မှာပါဝင်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကလည်း ”ကျွန်တော်တို့ ခရီးသည်တွေအားလုံးရဲ့ ကုသိုလ်ကြောင့်ပါသလို လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ရဲ့ ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှုသာမက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့အသက်ကို ကယ်တင်ပေး နိုင်ခဲ့တယ်။ အဲဒီအတွက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ လေယာဉ်အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ခရီးသည်တွေ အားလုံးစုပြီးတော့ ဒီလထဲဖြစ်ဖြစ်၊ ရှေ့လထဲဖြစ်ဖြစ် လေယာဉ်မှူးကြီးနဲ့ လေယာဉ်အဖွဲ့သားအားလုံးကို ကျေးဇူးဆပ်ဂုဏ်ပြုပွဲလုပ်ပေးဖို့ စီစဉ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photos – MNA
Ref: MOI Webportal Myanmar
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top