ခရီးသည် ကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကို အဝေးကြီးကနေ ပြန်လာပေးခဲ့တဲ့ Grab တက္ကစီသမား

yyl-001-7.jpg

မလေးရှားနိုင်ငံက Grab တက္ကစီသမားတစ်ဦးဖြစ်တဲ့ ဆာတက်ချ် ဟာ တက္ကစီသမားတိုင်း စံနမူနာယူထိုက်တဲ့သူ တစ်ဦးလို့ပြောလို့ရပါတယ်။ သူ့လိုစိတ်ထားမျိုး တက္ကစီသမားတွေ ထားတတ်အောင် သူက ရှေ့ကနေစွမ်းဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘာလို့အဲဒီလိုပြောရလဲဆိုရင် သူ့ကားပေါ်မှာ ကျန်ခဲ့တဲ့ စင်ကာပူလူမျိုးခရီးသည်ရဲ့ပိုက်ဆံအိမ်ကို ကီလိုမီတာ (၂၀၀) ဝေးတဲ့နေရာအထိ ပြန်သွားပေးခဲ့လို့ပါပဲ။

အဲဒီအကြောင်းကို ပိုက်ဆံအိတ်ကျန်ခဲ့တဲ့ ခရီးသည်ကာနေး မာခ် (Carney Mak) ကိုယ်တိုင်က Johor Bahru Traffic, Crime & Community Servie Report ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ သူက ဇန်နဝါရီ (၄) ရက်နေ့ ည (၉) နာရီဝန်းကျင်လောက်က ဂျဟိုးဘာရူးမြို့ကနေ Grab တက္ကစီငှားစီးခဲ့တယ်လို့ ပြောပါတယ်။ ကာနေး မာခ်က ညစာအတွက် ပိုက်ဆံရှင်းဖို့လုပ်တော့မှ သူ့ရဲ့ပိုက်ဆံအိတ် ပျောက်နေတယ်ဆိုတာကို သိခဲ့ရတာပါ။ သူက စင်ကာပူကို ပြန်နေစဉ်မှာပဲ Grab အက်ပလီကေးရှင်းကို သတင်းပေးခဲ့ပါတယ်။ သူ စင်ကာပူနိုင်ငံကို ရောက်ရုံရှိသေးတယ်။ Grab တက္ကစီသမားက သူ့ကားကို စစ်လိုက်မယ်။ WhatsApp ကနေ ဆက်သွယ်ဆိုတဲ့အကြောင်း ဖုန်းလက်ခံရရှိခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ တက္ကစီသမား ဆာတက်ချ်က ကာနေးရဲ့ပိုက်ဆံအိတ်ကို တွေ့ရှိခဲ့ပါတယ်။ ပိုက်ဆံအိတ်တွေ့တဲ့အချိန်က ညသန်းခေါင်ကြီးဖြစ်တဲ့အတွက် ညနေကျမှ JB Sentral Caltex ဆီဆိုင်မှာ တွေ့မယ်လို့ သူတို့ ချိန်းဆိုခဲ့ကြပါတယ်။ ဆာတက်ချ်က ကာနေးရဲ့ပိုက်ဆံအိတ်ကို ပြန်ပေးဖို့အတွက် မလက်ကာမြို့ကနေ မောင်းလာခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကာနေးက ကတ်တွေအပါအဝင် ဒေါ်လာထောင်ပေါင်းများစွာ မပျောက်ရှဘဲ ပိုက်ဆံအိတ်ကို ပြန်ရခဲ့ပါတယ်။ ပိုက်ဆံအိတ်ကျန်ခဲ့တဲ့ အချိန်တုန်းက ဆာတက်ချ်က ကားနေးကို လိုက်ပို့ပြီး အခြားခရီးသည်တွေကိုလည်း ပို့ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခြားခရီသည် တွေကလည်း သူ့ရဲ့ပိုက်ဆံအိတ်ကို ယူမသွားခဲ့ကြပါဘူး။ အဲဒါကြောင့် ကာနေးက အရမ်းကံကောင်းတယ်လို့ ခံစားခဲ့ရပြီး တက္ကစီသမားကို ကျေးဇူးတင်မဆုံး ဖြစ်ခဲ့တဲ့အတွက် ဖေ့စ်ဘွတ်ပေါ်မှာ အခုလိုတင်ခဲ့တာ ဖြစ်ပါတယ်။ ကာနေးက ဂျဟိုးဘာရူးမြို့ကို လာတဲ့အချိန်ကျရင် ဆာတက်ချ်နဲ့ ညစာစားဖို့လည်း ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Malaysian Grab driver drives 200km to return wallet left behind by Singaporean

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top