ကေတီပယ်ရီ တစ်ယောက် မင်္ဂလာဝတ်စုံ ပြင်ထား ရတော့မှာလား

the-mysterious-katy-perry-wedding-dress-2.jpg

ကေတီပယ်ရီ (Katty Perry) နဲ့ အော်လန်ဒို ဘလွန်း (Orlando Bloom) တို့က ပြန်တွဲနေတာကြာပြီဆိုပေမဲ့ ပရိသတ်ရှေ့မှောက် တွဲသွားတွဲလာ ခဏခဏ တော့ မရှိပါဘူး။ သူတို့နှစ်ဦးသားက ဘဝအတွက် အပြောင်းအလဲဖြစ်စေမယ့် အရေးကြီးတဲ့ ပွဲတစ်ခု စီစဉ်နေပါတယ်။

အမေရိကန်ပေါ့ပ် အဆိုတော် ကေတီနဲ့ ဗြိတိသျှ သရုပ်ဆောင် အော်လန်ဒိုဘလွန်း တို့က ၂၀၁၆ မှာ အတွဲညီခဲ့ကြပါတယ်။ သို့ပေမဲ့ ၂၀၁၇ ဖေဖော်ဝါရီလမှာ မမျှော်လင့်တဲ့ အတားအဆီး အဟန့်အတား တွေကြောင့် လမ်းခွဲခဲ့ရပါတယ်။

နှစ်ဦးသားလမ်းခွဲခဲ့တဲ့ အဓိက အကြောင်းရင်းက တစ်ယောက်နဲ့ တစ်ယောက် အချိန် မပေး နိုင်လို့ပါ။ ဒါ့အပြင် ပရိသတ် ရှေ့မှောက် နှစ်ဦးသားလူလုံးထွက်ပြရတာကိုက ကျော်ကြားမှု လျော့တယ်လို့ထင်လာတာကြောင့် လမ်းခွဲလိုက်ကြတာပါ။

ကံကောင်းစွာနဲ့ပဲ ဒီစုံတွဲက ပြန်လည်သင့်မြတ်ခဲ့သလို လက်ရှိအချိန်မှာ နှစ်ဦးသား အချစ်ရေးကို သိုသိုသိပ်သိပ်ပဲ ထားပါတယ်။ ကေတီက အော်လန်ဒိုနဲ့ ပြန်တွဲနေပြီဆိုတာ ဖုံးကွယ်ထားခြင်း မရှိပေမဲ့ အရင်တုန်းကလို ပရိသတ်ရှေ့မှောက် စုံတွဲခုတ်တာ သိပ်မလုပ်တော့ပါဘူး။

သူတို့နှစ်ဦးသား အခုဆိုရင် တစ်ဦးကို တစ်ဦး တတ်နိုင်သမျှအချိန်ပေးကြပါတယ်။ အမှတ်တရဖြစ်စေတဲ့ ခရီးတိုလေးတူတူထွက်ကြသလို ချစ်သူဘဝတုန်းကလိုပြန်လည် ခံစားပြီးဆက်ဆံရေးကောင်းအောင်နေပါတယ်။

အော်လန်ဒိုဘလွန်းဟာဆိုရင်လည်း ရည်းစားဟောင်းနဲ့ ပြန်တွဲရလို့ ပျော်နေတဲ့ ယောက်ျားတစ်ယောက်နဲ့ မတူဘဲ အချစ်စစ်ကို ရှာဖွေတွေ့ရှိလို့ အလွန်အမင်းပျော်နေတဲ့ ပုံစံဖြစ်နေပါတယ်။

ပရိသတ်တွေကတော့ သူတို့ချစ်သူနှစ်ဦး ကိုယ်ပိုင် အသိုက်အမြုံ ထူထောင်ပြီးချစ်ဖို့ကောင်းတဲ့ ဟောလီးဝုဒ်မျိုးဆက်လေးတွေ မွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းနေကြပါတယ်။

Ref:  fabiosa “Katty Perry “Is looking for a wedding dress!”The Pop Star has reunited with her Ex Orlando Bloom”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top