သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဂျွမ်းဘားမယ် ဖြစ်လာတဲ့ ဆီမွန်ဘိုင်း

yyl-16-004.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ဂျွမ်းဘားပြိုင်ပွဲမှာ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့တဲ့ အမေရိကန်ဂျွမ်းဘားမယ် ဆီမွန်ဘိုင်းကတော့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး ဂျွမ်းဘားမယ် ဖြစ်လာခဲ့ပါပြီ။ သူဟာ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ဂျွမ်းဘားပြိုင်ပွဲမှာ အများဆုံးဆုတံဆိပ်(၆)ခုရနိုင်ခြေရှိတဲ့အနက် ဆုတံဆိပ်(၅)ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ ဆီမွန်ဘိုင်းဟာ ခက်ခဲတဲ့ပြကွက်တွေကို အပိုအလိုမရှိအောင် ကစားပြနိုင်ခဲ့သူပါ။

သူဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ကမ္ဘာ့အဆင့် ဆုတံဆိပ် (၂၃)ခု ဆွတ်ခူးနိုင်ခဲ့တဲ့ ဘီလာရု(စ်)ဂျွမ်းဘားသမား ဗီတာလီရှာဘိုရဲ့စံချိန်ကို ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဆီမွန်ဘိုင်းဟာ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲမှာ balance beam အမျိုးအစားကနေ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိလို့ လာမယ့်တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အဲဒီဆု ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ သူဟာ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ balance beam အမျိုးအစားမှာ ခန္ဓာကိုယ်ကို နှစ်ဆင့်လိမ်ပြီး နှစ်ချက်လှည့်ရတဲ့ ခက်ခဲမှုပြကွက် မပြခဲ့ပေမဲ့ အမှတ်တစ်ဝက်ကျော်အသာရပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top