ဆန်ချိုကို ခေါ်ချင်လို့ ဂရီယာလစ်ကို စိတ်ဝင်စားမှု လျော့နည်းလာတဲ့ မန်ယူ

29-7-2002-yyl-030.jpg

ဗီလာအသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့ပြီးနောက်မှာတော့ မန်ယူအသင်းက ဗီလာကွင်းလယ်လူ ဂျက်ဂရီယာလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုနည်းလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဗီလာဟာ ရာသီသိမ်းပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်ကစားခွင့်ရခဲ့လို့ ဂျက်ဂရီယာလစ်ကို ဆက်ထိန်းဖို့ မျှော်လင့်ချက်အားကောင်းလာခဲ့သလို သူ့အတွက် ကမ်းလှမ်းလာမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဝန်းကျင် တောင်းဆိုဖွယ်ရှိနေပါတယ်။ အဲဒီအတွက် မန်ယူက ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ပဲ ပစ်မှတ်ထားလာပြီး ဂရီယာလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု နည်းလာခဲ့တာပါ။ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ တည်ဆောက်မယ့် ကွင်းလယ်ပိုင်းမှာ ဂရီယာလစ်က အံ့ဝင်ခွင်ကျ ဖြစ်ပါ့မလားဆိုတာကိုလည်း မန်ယူနည်းပြ ဆိုးလ်ရှားက စိုးရိမ်နေပါတယ်။

ဒါကြောင့် ကွင်းလယ်ပိုင်းထက် တိုက်စစ်ပိုင်းကိုပဲ အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဂရီယာလစ်အတွက် ဒေါ့မွန်က ပေါင်သန်း ၁၁၀ တောင်းထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မန်ယူက အဲဒီပြောင်းရွှေ့ကြေးမျိုး ပေးချေဖွယ်မရှိပါဘူး။ ဒေါ့မွန်က သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား ရှာဖွေနိုင်ဖို့အတွက် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဆန်ချိုကို ကမ်းလှမ်းဖို့ သတ်မှတ်ထားပါတယ်။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top