နွားပေါက်လေးတစ်ကောင်က အခြားနွားတွေနဲ့မတူဘဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာ အပြုံးမျက်နှာအမှတ်အသားပါပြီး မွေးဖွားလာခဲ့တာပါ။ လယ်သမားစုံတွဲဖြစ်တဲ့ မီဂန်နဲ့ ဘာရီကိုစတာတို့ဟာ ထူးခြားတဲ့အမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ သူတို့ရဲ့နွားပေါက်လေးကိုမြင်ပြီး တအံ့တဩဖြစ်ခဲ့ရတာပါ။
သူတို့စုံတွဲရဲ့ခြံမှာ တစ်နှစ်ကို နွားအကောင်ရေ ၇၀၀ ဝန်းကျင်လောက် မွေးမြူခဲ့ပေမဲ့ အခုလိုမျိုးအမှတ်အသားနဲ့မွေးဖွားလာတာကိုတော့ မမြင်ဖူးပါဘူး။ နွားအများစုက အဖြူအနက်အစက်အပြောက်တွေပဲပါတာပါ။ ဒီနွားပေါက်လေးကတော့ အဖြူအနက်အပြင် အပြုံးမျက်နှာပုံအမှတ်အသားလည်း ရှိပါတယ်။
နွားပေါက်လေးကို “Happy”လို့ အမည်ပေးထားပါတယ်။ Happy မွေးပြီးတော့ ဘာရီ ကောက်ကိုင်လိုက်တဲ့အချိန်မှာ အခြားနွားတွေအကုန်လုံးနဲ့ နည်းနည်းကွဲပြားတယ်ဆိုတာ သိလိုက်ရတာပါ။ နွားပေါက်လေးမှာ အပြုံးမျက်နှာအမှတ်အသားပါတာကို တွေ့ပြီးတဲ့နောက်မှာ ဘာရီက ဓာတ်ပုံရိုက်ပြီး သူ့ဇနီးမီဂန်ဆီ ပို့ခဲ့ပါတယ်။ မီဂန်လည်း ပုံမြင်ပြီး မယုံလို့ Zoom ဆွဲကြည့်ခဲ့ရပါတယ်။
ထူးခြားတဲ့အမှတ်အသားကြောင့် နွားပေါက်လေးက ဘာရီတို့ရဲ့ခြံမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် လုံခြုံစွာ နေသွားရတော့မှာပါ။ ဘာရီတို့ရဲ့အလုပ်အသမားတွေကလည်း Happy ကို အိမ်မွေးတိရစ္ဆာန်အဖြစ်ရော နွားထွန်ဖို့အတွက်ပါ ထားဖို့ စိတ်အားထက်သန်နေကြပါတယ်။
Ref: Ladbible “Cow will be treated as a pet rather than livestock after farmers discover its smiley face marking”
WL (ရိုးရာလေး)