မက်ဆီ၊ ရော်နယ်ဒိုတို့ထက် တန်ကြေးမြင့်တဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တဲ့ နေမာ

23-9-2020-yyl-018.jpg

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် တန်ကြေးမြင့်တဲ့ စပွန်ဆာစာချုပ်တစ်ရပ်ကို Puma ကုမ္ပဏီနဲ့ ချုပ်ဆိုလိုက်ပါတယ်။ အဲဒီစာချုပ်အရ နေမာက တစ်နှစ်ကို ပေါင် ၂၃ သန်းရရှိမှာဖြစ်ပြီး အားကစားသမိုင်းမှာ တစ်ဦးချင်း တန်ကြေးအမြင့်ဆုံး စပွန်ဆာစာချုပ် ဖြစ်လာပါတယ်။ နေမာဟာ အသက် ၁၃ နှစ်သားအရွယ်ကတည်းက Nike ကုမ္ပဏီရဲ့ ပံ့ပိုးမှုရရှိခဲ့ပြီး Nike ကုမ္ပဏီနဲ့ ၁၁ နှစ်သက်တမ်းရှိတဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သူပါ။

အဲဒီစာချုပ်က သက်တမ်း ၂ နှစ် ကျန်ရှိနေပေမဲ့ ဒီလထဲမှာပဲ နေမာက Nike ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းပြီး Puma နဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ မက်ဆီဟာ Adidas ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်အရ တစ်နှစ်ကို ပေါင် ၁၈ သန်း ရရှိနေပြီး ရော်နယ်ဒိုကတော့ Nike ကုမ္ပဏီကနေ တစ်နှစ်ကို ပေါင် ၁၅ သန်း ရရှိနေပါတယ်။ နေမာနဲ့ Puma ကုမ္ပဏီ ချုပ်ဆိုခဲ့တဲ့ စပွန်ဆာစာချုပ်က သက်တမ်း ဘယ်လောက်ရှိလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top