ဟာဇက်ကို ပေါင် (၁၁၅) သန်းနဲ့ ရောင်းချဖို့ ချဲလ်ဆီးသဘောတူညီပြီလို့ ဆို

61627202_2400236380007268_3375267317339389952_n.jpg

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ဖန်တီးရှင် ဟာဇက်ကို ပေါင် (၁၁၅) သန်းနဲ့ ရီးရဲလ်ထံ ရောင်းချဖို့ သဘောတူညီခဲ့ပြီလို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ရီးရဲလ်အသင်းကို နည်းပြဇီဒန်းက အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပြီး ဒီနှစ်ထဲမှာ ဟာဇက်ကို ခေါ်ယူဖို့ ရှိတယ်လို့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အတည်ပြုခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာပါ။ ဟာဇက်ဟာ ရီးရဲလ်မှာ တစ်ပတ်လုပ်ခ ပေါင် (၄၀၀၀၀၀) ရရှိမယ်လို့ ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ ဟာဇက်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ရရှိမှာဖြစ်ပြီး စွမ်းဆောင်မှုနဲ့ အောင်မြင်မှုအလိုက် ထပ်ဆောင်းပေးငွေ ပေါင် (၁၅) သန်း ရရှိမယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top